နေ့စဥ်မှတ်တမ်း ၃ လပိုင်း ၁၃ ရက် Kesennuma ကိုပျံသန်းသွားတဲ့နေ့

၃.၁၃ ရက်နေ့တွင် Saitama လေဆိပ်မှ Kesennuma ဂေဟာဘက်ဆီသို့ ဦးတည်းပျံသန်းခဲ့ပါတယ်။
ရဟတ်ယာဥ် ၃ စီးနဲ့ပါ။
ချောကလက်အစရှိသော အစားအသောက်စုပုံတင်ဆောင်လာပါတယ်။
ရွှေငါးပန်ကန်လုံးကဲ့သို့ တစ်ခုလုံးဖန်သားဖြင့်ပြုလုပ်ထားသောကြောင့် ခြေထောက်အောက်အထိလှမ်းမြင်ခဲ့ရပါတယ်။
တစ်ယောက်ထဲ ကုလားထိုင်ပေါ်မှာ ကောင်းကင်မှာပျံသန်းနေသလိုခံစားရပါတယ်။
ကြောက်ရွံ့ခဲ့ပါတယ်။
ထိုအချိန်မှစ၍ ယခုတိုင် ရဟတ်ယာဥ်ကို ကြောက်ရွံ့ပြီးမစီးရဲတော့ပါဘူး။
Kesennuma အထိ ရဟတ်ယာဥ်ဖြင့် ၂ နာရီ ၃၀ မိနစ်ကြာပါတယ်။
အောက်ဖက်တွင် နျူကလီးယားဓာတ်အားပေးစက်ရုံရဲ့မီးခိုးတွေကို လှမ်းမြင်ခဲ့ရပါတယ်။
လှိုင်းလုံးကြီးတွေစီးပြီးတော့ ကမ်းခြေမှာယူဆောင်လာတဲ့အရာတွေကိုလည်း မြင်ခဲ့ရပါတယ်။
သစ်ပင်တွေလို့ထင်ခဲ့တဲ့အရာတွေက နောက်ပိုင်းမှာ လူတွေဆိုတာကိုသိရှိခဲ့ရပါတယ်။
မည်သို့ပင်ဆိုစေကာမူ တင်းမာမှု၊ကြောက်ရွံ့မှု၊တာ၀န်ကျေပွန်လိုတဲ့စိတ်နဲ့ Tohoku ကိုရည်မှန်းခဲ့ပါတယ်။
Kesennuma ရှိဘိုးဘွားရိပ်သာရဲ့ ကားပါကင်မှာ အတင်းဆင်းသက်ခဲ့ပါတယ်။
လျှပ်စစ်မီးပြတ်တောက်မှုကြောင့် အမှောင်ကျနေတဲ့ဘိုးဘွားရိပ်သာရဲ့ဧည့်ခန်းထဲသို့၀င်ရောက်သည့်အခါ ဂျပန်၀တ်စုံနဲ့အမျိုးသမီး
အများအပြားရှိပါတယ်။
ပြည်သူပြည်သားများကို မိသားစု၀င်များနှင့်အတူနေထိုင်စေပြီး ဘိုးဘွားရိပ်သာမှာထားရှိပါတယ်။
အခြားသောမိသားစုများကို ရှာဖွေရန်သွားမှာဖြစ်တဲ့အတွက်ကြောင့် လက်ခံထားစေချင်ပါတယ်။
ဧည့်ခန်း၊နေ့ခင်းဘက်နေရာများတွင် စောင်များကိုခင်းကျင်းထားပါတယ်။
ဘိုးဘွားရိပ်သာအတွင်းတွင်လည်း အေးတဲ့အတွက်ကြောင့် စောင်တွေရဲ့အောက်မှာ အရင်ဆုံးကတ်ထူစက္ကူများကိုခင်းကျင်းထားပါတယ်။
ရုံးခန်းရဲ့အ‌ရေးပေါ်လျှပ်စစ်ပလက်ပေါက်မှာ ထမင်းပါင်းအိုးနဲ့ရေအပူပေးစက်များဖြင့် တန်းစီထားပါတယ်။
အစားအသောက်များသည် အားလုံး ထမင်းလုံး ၁ လုံး ၊မီဆိုဟင်းရည် ၁ ခွက်အပြည့်ဖြစ်ပါတယ်။
သက်ကြီးရွယ်အိုများ‌ရော၊၀န်ထမ်းတွေရောပါ။
၀န်ထမ်းများသည် လုံး၀အိမ်ကိုမပြန်နိုင်ပါဘူး။
မိသားစုများလုံခြုံမှုရှိရဲ့လား ဘယ်လိုလဲဆိုတာကိုလည်း စိတ်ပူခဲ့ပါတယ်။
အမှန်တကယ်တော့ ၀န်ထမ်းအားလုံးရဲ့ဘေးကင်းမှုကို စစ်ဆေးအတည်ပြုဖို့ရန်အတွက် ရက် ၂ပတ်နီးပါးကြာခဲ့ပါတယ်။
ထို့အပြင် ပထမဦးဆုံး ပြန်လည်တည်ထောင်ရေးလုပ်ငန်းမှာ ၀န်ထမ်းအဆောင်ဆောက်လုပ်ရန်ဖြစ်ပါတယ်။
၀န်ထမ်းအများအပြားရဲ့အိမ်တွေသည် အားလုံးနီးပါးပျက်စီးသွားပါတယ်။
မည်သို့ပင်ဆိုစေကာမူ ထိုအချိန်၌ဘိုးဘွားရိပ်သာသို့ အဆိုပါဒေသရှိသက်ကြီးရွယ်အိုများက ထွက်ပြေးလာခဲ့ကြပါတယ်။
လျှပ်စစ်မီးပျက်တောက်မှုနှင့်ရေပြတ်တောက်မှုရှိသော အဆောက်အဦးများတွင် အိမ်သာရော၊ဓာတ်လှေကား‌ရော အသုံးမပြုနိုင်ပါဘူး။
အစားအသောက်နေရာမဟုတ်ခဲ့ပါဘူး။
လျှပ်စစ်မီးပျက်တောက်မှုကြောင့် မြောက်ပိုင်းဆောင်းရာသီသည် အသက်ရှင်သန်လို့မရပါဘူး။
အမှန်အကယ်တော့ ပင်လယ်ကမ်းစပ်ရှိဘိုးဘွားရိပ်သာမှာ ၂ထပ်မြောက်အထိရေမြုပ်သွားပေမယ့်လည်း အားလုံးအိမ်ခေါင်မိုးပေါ်
အထိထွက်ပြေးပြီး အဲဒီနေရာက အသက်ရှင်ကယ်တင်ခဲ့ပါတယ်။
သို့ပေမယ့် နောက်နေ့နံနက်နှင်းထဲမှာ သက်ကြီးရွယ်အိုအများအပြား အသက်ဆုံးရှုံးခဲ့တယ်လို့ ကြားခဲ့ရပါတယ်။
ရဟတ်ယာဥ် ၁ စင်းသည် လေဆိပ်မှာဓာတ်ဆီ၀ယ်ရန်ပျံသန်းခဲ့သော်လည်း ဘယ်အချိန်မှပြန်မလာတော့ပါဘူး။
နောက်ပိုင်းမှသိခဲ့ရတာက ပုဂ္ဂလိကဖြစ်တဲ့အတွက်ကြောင့် ဓာတ်ဆီ၀ယ်ယူလို့မရခဲ့ပါဘူး။
အစကတည်းက တစ်လမ်းမောင်းလက်မှတ်ရဲ့ခရီးစဥ်ဖြစ်ပါတယ်။
ကယ်ဆယ်ဖို့သွားခဲ့တာသေချာပေမယ့် ကျွန်ုပ်သည်စိတ်ပင်ပန်းဒုက္ခရောက်ခဲ့ပါတယ်။
မိဘတွေရော၊၀န်ထမ်းတွေရော ကျွန်ုပ်က Kesennuma အထိပျံသန်းသွားခဲ့တဲ့အကြောင်း မသိခဲ့ပါဘူး။
အဲဒီအချိန်အတွေ့အကြုံရဲ့နောက်မှာတော့ ဘိုးဘွားရိပ်သာထဲမှာ ဆက်သွယ်ရေးဂြိုလ်တုဖုန်းကိုတပ်ဆင်ခဲ့ပါတယ်။
ဒီအခြေအနေတွင် ကျွန်ုပ်ဆိုလိုတာက အိမ်ပြန်ရန်ခက်ခဲသည့်ဘေးဒုက္ခသည်အရေအတွက်သည် တိုးလာခဲ့ရုံမျှသာဖြစ်ပါတယ်။
သို့သော် ညနေနေ၀င်ရီရောအချိန်တွင် ပစ္စည်းသယ်ဆောင်လာတဲ့ကားသည် အဆက်မပြတ်အမြန်နှုန်းဖြင့် ဘိုးဘွားရိပ်သာဂေဟာ
သို့ ဆိုက်ရောက်လာခဲ့ပါတယ်။
Yamagata ဆေးရုံမှ ကယ်ဆယ်ရေးအဖွဲ့သည်ဆိုက်ရောက်လာခဲ့ပါတယ်။
အပြန်အလှန်တစ်ဦးနှင့်တစ်ဦး အံ့အားသင့်သွားခဲ့ကြပါတယ်။
အခြားတစ်ဖက်ပုဂ္ဂိုလ်မှ အံ့အားသင့်သွားခဲ့ပါလိမ့်မယ်။
ကျွန်ုပ်ကို သရဲတစ္ဆေလို့ထင်ခဲ့ပါလိမ့်မယ်။
အသွားလမ်းသည် ၂ နာရီ ၃၀ မိနစ်ကြာပါတယ်။
အပြန်လမ်းသည် ကယ်ဆယ်ရေးအဖွဲ့ရဲ့ကားနဲ့အတူစီးခွင့်ရခဲ့ပြီး ၂ ရက်အကြာမှာ တိုကျိုကိုဘေးကင်းစွာပြန်ရောက်ခဲ့ပါတယ်။
Yamagata မှကယ်ဆယ်ရေးအဖွဲ့နဲ့ ဖူကူရှီးမားအထိပို့ဆောင်ခဲ့ပြီး ဖူကူရှီးမားမှတိုကျိုအထိကို Shizuoka ကနေလူနာတင်ယာဥ်
ဖြင့်ပို့ဆောင်ပေးခဲ့ပါတယ်။
အပြန်မှာ အမြန်ချောပစ္စည်းအထုပ်လိုမျိုးဖြစ်ပါတယ်
Koyama G ၏နိုင်ငံတစ်၀ှမ်းကယ်ဆယ်ရေးအဖွဲ့မှ ကျွန်ုပ်တို့အားလုံးသည် ကယ်ဆယ်ပေးခဲ့ပါတယ်။
Koyama G ၏ကော်ပိုရေးရှင်းအားလုံးသည် ကျွန်ုပ်ထံမှ ဆက်သွယ်မှုရော၊ညွှန်ကြားချက်ရော ဘာမှအပါပဲနဲ့ စေတနာဆန္ဒအလျောက်
Tohoku ဒေသသို့ကယ်ဆယ်ရေးကားများကို ပို့ဆောင်ပေးခဲ့ပါတယ်။
တစ်နိုင်ငံလုံးမှဖြစ်ပါတယ်။
Yamagata ၏အသင်းအဖွဲ့သည် ငလျင်လှုပ်ခတ်ပြီး ၂ နာရီအကြာပြီးနောက် စတင်လှုပ်ရှားမှုလုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။
ကျွန်ုပ်သည် Koyama ကိုကယ်တင်ဖို့သွားခဲ့ပြီး Koyama ကိုကယ်တင်ခြင်းခံခဲ့ပါတယ်။
အဲဒီအချိန်တုန်းက စိတ်အားထက်သန်မှုနဲ့ အပေါင်းအဖော်တွေရဲ့ လုပ်ဆောင်ချက်တွေကြောင့် ဘယ်နှစ်ကြိမ်လောက် စိတ်ခံစားချက်
တုန်လှုပ်ခဲ့ရတာပါလဲ။
Thunderbird ကိုတည်ထောင်ခဲ့တဲ့အဓိပ္ပာယ်ရှိခဲ့တယ်လို့ ယုံကြည်ခဲ့ပါတယ်။
လူတွေကိုကယ်တင်ဖို့ရန်အတွက် မိမိကိုယ်ကိုကူညီပါ။
စေတနာအလျောက်လုပ်‌ဆောင်မှုသည် ယခုထိတိုင် Koyama G ၏ဂုဏ်ပုဒ်ဖြစ်ပါတယ်။
သွေးခုန်နှုန်းအောက်ဆီမီတာ ၉၈ . ၉၇ . ၉၇
ခန္ဓာကိုယ်အပူချိန် ၃၆.၅ ၊ သွေးသကြားဓာတ် ၁၅၀
ဆေးရုံဆိပ်ကမ်းမှထွက်ခွာသူ ကပ္ပတိန် ၊ ကိုယ်စာလှယ် Koyama Yasunari

KOYAMA GINZA myanmar

Posted by admin