နေ့စဥ်မှတ်တမ်း ၃ လပိုင်း ၂၁ ရက် စီးပွားရေးလုပ်ငန်းသုံးပုံစံ၏လည်ပတ်ပုံ

Koyama G သည် ယခုနှစ်တွင် Ginza ရှိအရေးပေါ်ဆေးရုံပြန်လည်တည်ဆောက်မှုသည် နှစ်၄၀ ပြည့်နှစ်ပတ်လည်ဖြစ်ပါတယ်။
ဆေးဘက်ဆိုင်ရာမှ သူနာပြုစောင့်ရှောက်မှုအထိပါ။
သို့သော် ယခုမှစတင်၍ ဆေးရုံဆေးခန်းဖြစ်လာသည့် အထူးဘိုးဘွားရိပ်သာများသည် အွန်လိုင်းဆေးကုသခြင်းမှ သူနာပြုစောင့်
ရှောက်မှုကိုပံ့ပိုးပေးသည့် ဆေးကုသမှုကိုဆောင်ရွက်ပေးပါမည်။
Ginza မှ တောင်တန်းနယ်မြေဒေသနှင့် လူနေနည်းသောဒေသများအထိပါ။
လွန်ခဲ့သော ၁၀ နှစ်အတွင်းသည် တိုကျိုမြို့တော်ဧရိယာရှိအထူးဘိုးဘွားရိပ်သာများကို ပြန်လည်တည်ဆောက်ခဲ့ပါတယ်။
အသေးစားဘိုးဘွားရိပ်သာမှ အကြီးစားဘိုးဘွားရိပ်သာများအထိပါ။
ကျေးလက်နယ်မြေဒေသများတွင် အုပ်စုလိုက်ဂေဟာများနှင့်နေ့ပိုင်း၀န်ဆောင်မှုများ များပြားခဲ့သည့်အချိန်ကာလမှ မြို့ပြဒေသ
များတွင် ကုတင် ၁၀၀ ကျော်ရှိသောအကြီးစားဂေဟာများ ဖွံ့ဖြိုးတိုးတက်လာခဲ့ပါတယ်။
သက်ကြီးရွယ်အိုကျန်းမာရေးစောင့်ရှောက်မှု၊အထူးဘိုးဘွားရိပ်သာများနှင့်အိမ်ရာများဆိုင်ရာပေါင်းစည်းမှုတွင် ကုတင် ၂၀၀ ကျော်
ရှိသောအဆောင်အဦးများရှိပါတယ်။
တစ်နည်းအားဖြင့် Koyama G ၏ဂေဟာအမျိုးအစားသည် အိမ်ရာ၊သူနာပြုစောင့်ရှောက်မှုဂေဟာ၊ဆေးရုံနှင့်၀န်ဆောင်မှုများ၏
အမှတ်စဥ်ချိတ်ဆက်မှုဖြစ်ပါတယ်။
နယ်မြေဒေသသည် မြို့ပြမှကျေးလက်ဒေသအထိပါ။
ဘိုးဘွားရိပ်သာဂေဟာတိုင်းသည် ကျန်းမာရေး၊အလုပ်သမားနှင့် လူမှုဖူလုံရေး၀န်ကြီးဌာန၏ နှစ် ၄၀ မူ၀ါဒနှင့်အညီ ရေးဆွဲထားပါတယ်။
စီးပွားရေးလုပ်ငန်းသုံးပုံစံတွင် လည်ပတ်ခြင်းဟုဆိုလိုခြင်းသည် ကျွန်ုပ်၏အတွေ့အကြုံဖြစ်ပါတယ်။
အဲဒါက Ginza မှာကူးသန်းရောင်း၀ယ်မှု မြင့်တက်လာခြင်းနှင့်ပြိုလဲခြင်းရဲ့ သမိုင်းကြောင်းကို မြင်လာခဲ့ရတဲ့ တကယ့်ခံစားချက်ပါ။
Ginza ၏ထူးခြားချက်သည် ဇိမ်ခံပစ္စည်းဆိုင်တွေချည်းမဟုတ်တဲ့အကြောင်းပါ။
McDonald’s၊ Yoshinoya၊ Uniqlo၊ Workman၊ ယန်း ၁၀၀ ဆိုင်တို့ဖြစ်ပါတယ်။
စျေးနှုန်းသက်သာတဲ့ကုန်အမှတ်တံဆိပ်ဆိုင်သည် ဖောက်ထွင်းလာခဲ့သည်မှာ Ginza တွင်အရောင်းပြခန်းကဲ့သို့သော နာမည်ကြီးဆိုင်ကို
ဖွင့်လှစ်လိုက်သည့်အချိန်မှစပြီး ဖြစ်ပါတယ်။
Ginza မြို့၏အမှတ်တံဆိပ်သည် ကျဆင်းလာခဲ့တာများလား။
အဲဒီလိုမဟုတ်ဘူးလို့ထင်ပါတယ်။
ခေတ်ရေစီးကြောင်းလို့ပြောရမလား သို့မဟုတ် ငွေကြေးဖောင်းပွမှုခေတ်ရဲ့စီးပွားရေးနှင့်အတူလိုက်ပါလာခဲ့တာလားလို့ ဆိုရမလားပါပဲ။
ခေတ်ကာလ၏လေသည် ဂျပန်တစ်၀ှမ်းမှ၀င်ရောက်တိုင်ခက်လာခဲ့တာက Ginza လို့ခံစားမိပါတယ်။
Kyoto နှင့် Asakusa လိုမျိုး‌တော့ အပြည့်အ၀မတိုးတက်သေးပါဘူး။
အမြဲတမ်း ပြန်လည်ဆန်းသစ်နေပါတယ်။
Ginza ရှိသွားဆေးခန်းနှင့်ပတ်သတ်ပြီး ဆေးဘက်ဆိုင်ရာအာမခံမှုဖြင့် ဆေးကုသမှုပေးသည့်ဆေးခန်နေရာများမရှိ‌တော့ပဲ အဆင့်မြင့်
ကိုယ်တိုင်ငွေကြေးပေးဆောင်သည့် ဆေးခန်းများသာလျှင်ဖြစ်ပါတယ်။
Ginza တွင် ဆရာ၀န်တစ်ဦးရဲ့ဆေးဘက်ဆိုင်ရာအဆောက်အဦး ဆေးခန်းများသာရှိခဲ့သော်လည်း မျိုးဆက်များ၏အပြောင်းအလဲနှင့်
ကိုလိုနာကြောင့် နေရာအချို့ကိုပိတ်ထားဖို့ဖြစ်လာကြောင်းပြောလာပါတယ်။
ဖြန့်‌ဝေပေးသည့်ဆေးဆိုင်အရေအတွက် အများအပြားရှိသော်လည်း ထက်၀က်ခန့်လျော့ကျသွားမည့်ဖြစ်ပါတယ်။
တည်ငြိမ်ပြီးတိုးတက်လာခဲ့တဲ့စက်မှုလုပ်ငန်းမှ ပြင်းထန်တဲ့စက်မှုလုပ်ငန်းချဲ့ထွင်မှု ဖြစ်ပေါ်လာမယ်လို့ထင်ရပါတယ်။
နှစ် ၄၀ တွင် စစ်ပြီးခေတ်လူ့အဖွဲ့အစည်း၏ကြီးမားသော အလှည့်အပြောင်းတစ်ခုလိုမျိုးထင်ရပါတယ်။
ကျွန်ုပ်သည် အဲဒီခေတ်နှင့်လိုက်ဖက်တဲ့ဘ၀ပုံစံကို လက်ခံယူမယ်လို့စဥ်းစားနေပါတယ်။
နိုင်ငံရေးပေါ်လစီကို လွန်ဆန်လို့မရပါဘူး။
ရွက်လွှင့်ပြီးတော့ အဲဒီလေကိုဖမ်းယူပြီး ရှေ့ဆက်ပါမယ်။
အဲဒါကတော့ Koyama G ပါ။
သွေးခုန်နှုန်းအောက်ဆီမီတာ ၉၆ . ၉၇ . ၉၇
ခန္ဓာကိုယ်အပူချိန် ၃၆.၆ ၊ သွေးသကြားဓာတ် ၁၆၇
ပျော်ရွှင်ကြည်းနူးမှုခေတ်များ၏လည်ပတ်မှု ၊ ကိုယ်စားလှယ် Koyama Yasunari

KOYAMA GINZA myanmar

Posted by admin