စတော်ဘယ်ရီခူးဆွတ်ခြင်း

တစ်နှစ်ကိုတစ်ကြိမ်ပေမယ့်လည်း Kawasaki မှာရှိတဲ့ စတော်ဘယ်ရီခြံကို စတော်ဘယ်ခူးဆွတ်ဖို့သွားခဲ့ပါတယ်။
မနေ့က မိခင်နှင့်ကလေးတွေသာမက မူကြိုကျောင်းမှ၀န်ထမ်းတွေလည်း ပါ၀င်ခဲ့ကြပါတယ်။
ဘယ်အသီးအနှံကိုမဆို လတ်လတ်ဆတ်ဆတ် ခူးဆွတ်ပြီးစားရတာ အရသာရှိပါတယ်။
ဘယ်လိုပဲပြောပြော အရည်ရွှမ်းနေပါတယ်။
ပါ၀င်ခဲ့တဲ့အသက်အငယ်ဆုံးကလေး ၂ နှစ်လောက်သာရှိသေးတဲ့ကလေးလို့ ထင်ပါတယ်။
ကြီးမားတဲ့အနီရောင်စတော်ဘယ်ရီသီးကို တစ်လုံးလုံး ပါးစပ်ထဲမှာထည့်ထားပါတယ်။
လည်ချောင်းမှာတစ်မနေလောက်ဘူးလို့ထင်ပေမယ့်လည်း ၀မ်းသာအားရစားနေခဲ့ပါတယ်။
စတော်ဘယ်ရီသီးသည် ဒီလိုဖြစ်လာပါပြီ။
လတ်လတ်ဆတ်ဆတ်ခူးဆွတ်ပြီး ကိုက်စားလိုက်လျှင် တကယ်ကို အရည်ရွှမ်းချိုမြိန်ပြီးတော့ အရသာရှိလှပါတယ်။
အဲဒါနဲ့ပတ်သတ်ပြီး မိဘတွေနဲ့နွေဦးရဲ့အမှတ်တရ ဖြစ်စေချင်ပါတယ်။
အဲဒီလို ကျွန်ုပ်လည်းအတူတူတွေ့ကြုံခံစားနိုင်ခဲ့ပြီး ပျော်ရွှင်ခြင်းဆိုတာက လူ့ဘ၀ရဲ့ပျော်ရွှင်မှုတစ်ခုပါပဲ။
Koyama ၏၀န်ထမ်းများသည် ရှည်လျားသောဘ၀ရဲ့ စီးပွားရေးလုပ်ငန်းလည်ပတ်မှု အခက်အခဲတွေကိုမျှ‌ဝေခံစားခဲ့ကြပါတယ်။
ထို့နောက် Koyama ၏ဒဿနစိတ်ကူးကို ပုံဖော်ထားပါတယ်။
အခက်အခဲတွေကိုအတူတကွမျှဝေခြင်းပြုလုပ်တာက ကောင်းတယ်လို့ပြောခဲ့ပါတယ်။
သို့သော်လည်း တစ်ခါတစ်ရံ အရသာရှိတဲ့အရာတွေကို အတူတူမျှဝေခြင်းသည်လည်း အရေးကြီးပါတယ်။
ဘ၀ရဲ့၀မ်းသာခြင်း၊ပျော်ရွှင်ခြင်းတို့ကိုလည်း မျှဝေခံစားသွားချင်ပါတယ်။
အသက်အရွယ်ကြီးလာတာနဲ့အမျှ အသိတရားရတဲ့အရွယ်ရောက်လာလျှင် လူငယ်များ၊မိသားစုနဲ့အတူ ဘ၀ရဲ့အမှတ်တရများ
သည် ဘယ်လောက်အရေးကြီးတယ်ဆိုတာ သိလာရပါလိမ့်မယ်။
ငယ်ရွယ်တဲ့အချိန်တုန်းကတော့ ဘယ်အချိန်ပဲဖြစ်ဖြစ် ရှေ့ဘ၀ရဲ့အပျော်တွေနဲ့ အတိတ်ရဲ့လွမ်းဆွတ်စရာလိုမျိုး အဲလောက်အခွင့်
အလမ်းမရှိခဲ့ပါဘူး။
အခုအရွယ်မှ သိလာရပါတယ်။
ငယ်စဥ်ကလေးဘ၀တုန်းက မိဘတွေနဲ့အတူခရီးသွားခြင်းနှင့်အစားအသောက်များရဲ့ အမှတ်တရများသည် အနာဂတ်အတွက်အ
မှတ်တရများအနေနဲ့ ပိုင်ဆိုင်မှုအမွေဖြစ်လာပါမယ်။
အသက်အရွယ်ရလာပြီးတော့ စိတ်ရဲ့အထီးကျန်ခံစားမှုများကိုထောက်ပံ့ပေးတာက ငယ်စဥ်ကလေးဘ၀ရဲ့ ပျော်ရွှင်ကြည်နူးစရာ
များရဲ့အတွေ့အကြုံအမှတ်တရများ ဖြစ်ပါလိမ့်မယ်။
မနေ့က နေ့တစ်နေ့ရဲ့ အမှတ်တရများဖန်တီးခြင်းသည်လည်း အနာဂတ်အတွက် ပြုစုစောင့်ရှောက်ပေးသူဖြစ်လာပါမယ်။
ဒီနှစ်နောက်ဆုံးရဲ့ စတော်ဘယ်ရီသီးဖြစ်ကောင်းဖြစ်နိုင်ပေမယ့်လည်း တစ်နှစ်ပတ်လုံးရဲ့ လုံလောက်တဲ့အရသာလို့ထင်ပါတယ်။
ယခု လာမည့်နှစ်တွင် ဘယ်သူ့ကိုခေါ်ဆောင်လာရင်ကောင်းမလားလို့ စဥ်းစားနေပါတယ်။
သွေးခုန်နှုန်းအောက်ဆီမီတာ ၉၈ . ၉၈ . ၉၈
ခန္ဓာကိုယ်အပူချိန် ၃၆.၂ ၊ သွေးသကြားဓာတ် ၁၉၃
နောက်လာမှာက သခွားမွှေးပါ ၊ ကိုယ်စားလှယ် Koyama Yasunari

KOYAMA GINZA myanmar

Posted by admin