၄၀ ကြိမ်မြောက်ရဲ့စတင်ခြင်း

Ginza ရဲ့အရေးပေါ်ဆေးရုံပြန်လည်တည်ဆောက်မှုသည် စတင်လာခဲ့တာ နှစ် ၄၀ ရှိပါပြီ။
နှစ်သစ်မှာလည်း ၄၀ ကြိမ်မြောက်ဖြစ်ပါတယ်။
စီမံခန့်ခွဲသူမန်နေဂျာတစ်ယောက်အနေနဲ့ နှစ်သစ်၏ ၄၀ ကြိမ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုကြိုဆိုပါမယ်။
စတင်တည်ထောင်သူပိုင်ရှင်ဖြစ်တဲ့အတွက်‌ကြောင့် တစ်ဦးတည်းစီမံခန့်ခွဲခြင်းဖြစ်ပေမယ့်လည်း ယခုတလော လုပ်ချင်တဲ့အကြောင်း
အရာတွေလျော့နည်းလာခဲ့ပါတယ်။
၀န်ထမ်းတွေရဲ့လူမှုဘ၀နဲ့ သူတို့ရဲ့ပျော်ရွှင်မှုတွေကလွဲလို့ တခြားဘာကိုမှ စိတ်၀င်စားမှုမရှိတော့ပါဘူး။
ကမ္ဘာ့ငြိမ်းချမ်းရေး ၊ ဂျပန်နိုင်ငံရဲ့ဘဏ္ဍာရေး ၊ ဆေးဘက်ဆိုင်ရာလူမှု့ဖူလုံရေး ပြုပြင်ပြောင်းလဲရေးအတွက်လည်းပဲ ပါပါတယ်။
တစ်ကိုယ်ကောင်းဆန်တယ်လို့ မထင်ပေမယ့်လည်း အခြားသူများကိုစိတ်၀င်စားမှုနည်းပါးလာပြီး ကိစ္စများကိုမလိုအပ်ပဲပါ၀င်ခြင်းမရှိတော့ပါဘူး။
ကျွန်ုပ်၏အနာဂတ်အတွက် စိတ်ပူမိပေမယ့်လည်း ဘာမှမတတ်နိုင်ဘူးလို့ တွေးလာခဲ့ပါတယ်။
လာမည့်နှစ်ရဲ့စီမံကိန်းတွေထက် ဒီနေ့ရဲ့တစ်နေ့တာဘယ်လိုဖြတ်သန်းမလဲဆိုတာကိုပဲ အကောင်းဆုံးလုပ်ဆောင်ပါတယ်။
သတင်းစာ၊အင်တာနက်နဲ့ တီဗီတွေမှာ သတင်းများကို စစ်ဆေးပါတယ်။
တီဗီမှအကြောင်းအရာတွေကိုလည်း နေ့တိုင်းနာရီ ၂၀ လောက်စစ်ကြည့်ပါတယ်။
မှတ်တမ်းတင်ရိုက်ကူးပြီးတော့ အသေးစိတ်တည်းဖြတ်ရုံပါပဲ။
မနက် ၂ နာရီ ၃၀ မိနစ်မှာ အင်တာနက်မှပေးပို့လာတဲ့သတင်းစာကိုဖတ်ပြီး တစ်နေ့တာအလုပ်ကို စတင်ပါတယ်။
မဟုတ်သေးပါဘူး၊ အဲဒီမတိုင်ခင်မှာ လုပ်ငန်းအီးမေးလ်များကို အကြောင်းပြန်ပါတယ်။
ဒီနေ့လိုမျိုးပါ။
မနက်တိုင်းရေစိမ်ကန်မှာရေနွေးပူပူပြုလုပ်ပြီးတော့ အချိန်တိုရေချိုးပါတယ်။
မနေ့က ဆန်ချင်ခွက်တစ်ခွက်စာ ထမင်းချက်ပြီး တစ်၀က်ကိုထမင်းပေါ်ဖြူးပြီးစားရတဲ့ အစားစာနဲ့စားခဲ့ပါတယ်။
ဆန်ဆေးရတာက ပျော်စရာပါ။
အရေအတွက်နည်းပါးတဲ့ လက်မှုပညာဖြစ်တဲ့အတွက်ကြောင့် ဖြစ်နိုင်ပါတယ်။
အရသာနဲ့လည်း တိုက်ရိုက်သက်ဆိုင်ပါတယ်။
နေ့စဥ်ပျော်ရွှင်စရာတွေဆိုတာက ဒီလိုအရာတွေပဲလို့ထင်ပါတယ်။
ဒီမနက်တစ်၀က်ကို ပင်လယ်စာလက်ဖက်ရည်ကိုပြုလုပ်ပါတယ်။
ဆေးသောက်ရန်အမျိုးအစားများစွာရှိတဲ့အတွက်ကြောင့် မမေ့အောင်သတိပြုပါတယ်။
အပြင်မထွက်ခင်မှာ တီဗီမှတ်တမ်းယူထားရန် ကြိုတင်စီစဥ်ထားပါတယ်။
ထင်ထားတာထက် အချိန်ပေးရပါတယ်။
ငယ်ရွယ်စဥ်အချိန်လောက်က ရုပ်ရှင်ရုံမှာကြည့်ခဲ့တဲ့ ရုပ်ရှင်တွေကို တီဗီမှာပြန်လည်သုံးသပ်ကြည့်ပါတယ်။
စိတ်ခံစားမှုလျော့နည်းလာပါတယ်။
ထင်ထားတဲ့အတိုင်း ရုပ်ရှင်ကိုကြည့်ရတဲ့ပတ်၀န်းကျင်အနေအထားနဲ့ ခေတ်ကာလပေါ်မူတည်ပြီး ကွာခြားပါတယ်။
အဲဒီအရာကိုသေချာအောင် ကြည့်နေပါတယ်။
တစ်ပတ်လုံးရိုက်ကူးမှတ်တမ်းတင်နိုင်တဲ့ တီဗီရှိပုံပေါ်ပေမယ့်လည်း အဲဒါကို၀ယ်ချင်တယ်လို့မတွေးမိပါဘူး။
မေ့သွားလိုက်နဲ့ အချိန်တွေထပ်နေပြီးတော့ မှတ်တမ်းရိုက်ကူးဖို့မလုပ်နိုင်တဲ့ ပရိုဂရမ်တွေရှိလည်းပဲ နောက်တစ်ကြိမ်ပြန်လည်
ထုတ်လွှင့်သည့်အခါမှာ မှတ်တမ်းတင်ထားဖို့ အခွင့်အလမ်းရှိပြီး အဲဒီပရိုဂရမ်ကိုလက်ခံယုံကြည်ပါတယ်။
အိပ်ယာထဲမှာ လက်တစ်ဖက်က iPhone ကိုင်ပြီး YouTube မှာကြည့်ရင်းနဲ့ မိုက်ကယ်ဂျက်ဆင်ကို စွဲလမ်းမိသွားပါတယ်။
ပြဇာတ်ထဲမှာ သူ့ရဲ့ပရိတ်သတ်အများစုက အဖြူရောင်လူတွေချည်းဖြစ်နေတာကို သတိထားမိပါတယ်။
အဲလ်ဗစ်နှင့်မိုက်ကယ်တို့သည် အမေရိကန်လူမျိုးများ၏ အားပေးအများဆုံးဖြစ်ပါတယ်။
သာမာန် သတိမထားမိတဲ့နေ့စဥ်ဘ၀မှာ လန်ဆန်းမှုကိုခံစားစေပါတယ်။
ဤအတိုင်းအတာထိသာ ကျွန်ုပ်ဦးနှောက်ကအလုပ်မလုပ်တဲ့နေ့ရက်တွေရှိပါတယ်။
အသက်အရွယ်ရလာတာနဲ့အမျှ အသစ်သစ်တွေကိုစိတ်ပါ၀င်စားမှု နည်းပါးလာပါတယ်။
ထိုအရာက ကျွန်ုပ်၏တစ်နေ့တာအချိန်ကအဖိုးတန်ခြင်းဖြစ်လာတယ်လို့ပဲ ထင်မြင်မိပါတယ်။
အသက်အရွယ်ရလာတာနဲ့အတူ လူ့လောကပူလောင်ခြင်းဖြစ်လာပေမယ့်လည်း လောကအကြောင်းတရားများကို ဂရုမစိုက်တော့ပါဘူး။
တကယ်တော့ အသိမိတ်ဆွေတွေရဲ့စျာပနာအခမ်းနားပွဲတွေ နည်းလာခဲ့ပါတယ်။
လောကအကြောင်းတရားများကိုခံစားတဲ့စီနီယာတွေ လျော့နည်းလာသည်ဟူသော ဖြစ်ရပ်မှန်တွေလည်းရှိပါတယ်။
ဤကဲ့သို့ ဖွံ့ဖြိုးတိုးတက်မှုမရှိတဲ့ တနင်္ဂနွေနေ့တွေမှာ နှလုံးသားထဲကိုကျရောက်သွားတဲ့အခါမှာ ကျန်းမာရေးနဲ့မညီညွှတ်ခြင်းဖြစ်နိုင်ပါတယ်။
ရှေးယခင်က စနေနေ့သည် ရုပ်ရှင်ရုံနေ့ဖြစ်ပြီး တနင်္ဂနွေနေ့သည် ပြတိုက်နေ့ဖြစ်ပါတယ်။
ရက်သတ္တပတ်တွေမှာ Hibiya စာကြည့်တိုက်ကိုသွားရောက်လည်ပတ်ခြင်းက ပျော်ဖို့ကောင်းခဲ့ပါတယ်။
အကျဥ်းချခံနေရတဲ့ဘ၀ကိုငြီးငွေ့လာပြီးတော့ နွေဦးပိုးကောင်တွေလို တွန့်လိမ်နေတာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
နေ့စဥ် စိတ်ပိုင်းဆိုင်ရာပုံရိပ်အပိုင်းအစများသည် ချစ်စရာကောင်းပါတယ်။
မိမိကိုယ်ကိုဒီအတိုင်းမနေပဲ အသစ်မိမိကိုယ်ကိုရှာဖွေပါ။
သွေးခုန်နှုန်းအောက်ဆီမီတာ ၉၈ . ၉၇ . ၉၇
ခန္ဓာကိုယ်အပူချိန် ၃၆.၃ ၊ သွေးသကြားဓာတ် ၁၅၅
မပြောင်းလဲသောနေ့ရက်များ ၊ ကိုယ်စားလှယ် Koyama Yasunari

KOYAMA GINZA myanmar

Posted by admin