နေ့စဥ်မှတ်တမ်း ၃ လပိုင်း ၂၈ ရက် ဘဏ်မှအလုပ်သင်လေ့လာခြင်း

Koyama G ၏အဆောက်အဦးသည် နိုင်ငံတစ်၀ှမ်းရှိတက္ကသိုလ်မှ ကျောင်းသားအလုပ်သင်များကို အစွမ်းကုန်လက်ခံနေပါတယ်။
အနည်းဆုံးအနေနဲ့ ဆေးဘက်ဆိုင်ရာလူမှုဖူလုံရေးလုပ်ငန်းကို စိတ်၀င်စားစေချင်တယ်လို့မျှော်လင့်မိပါတယ်။
ဒီတစ်ကြိမ် ဗီယက်နမ်တက္ကသိုလ်တစ်ခုမှ သူနာပြုအလုပ်သင်လေ့လာရေးကို လက်ခံရန်စီစဥ်ရှိပါတယ်။
၀မ်းသာပါတယ်။
ဗီယက်နမ်အတွက်စီစဥ်ထားသော အဆောင်သည် Sendai မှာဆောက်လုပ်နေဆဲဖြစ်ပေမယ့်လည်း တိုကျိုမြို့‌တော်ဧရိယာမှာလည်း
မြေကွက်ကိုရှာဖွေနေပါတယ်။
အမှန်တကယ်တော့ ယခင်နှစ်ကတည်းက တိုကျိုမြို့တော်ဧရိယာမှာ ဘဏ်မှ ၁ ဦးသည် လေ့ကျင့်ရေးဆင်းရန်လာရောက်ခဲ့ပါတယ်။
အထူးဘိုးဘွားရိပ်သာဖွင့်ပွဲအတွက် ပြင်ဆင်ရေးရုံးခန်းတွင် တာ၀န်ထမ်းဆောင်ခဲ့ပါတယ်။
ဂေဟာမန်နေဂျာ၏အနီးအနားတွင်ထိုင်ပြီး ဖွင့်ပွဲအတွက်ပြင်ဆင်မှုအားလုံးကို အတွေ့အကြုံယူခဲ့ပါတယ်။
၀န်ထမ်းအသစ်ခေါ်ယူခြင်းဆိုင်ရာ ရှင်းလင်းချက်နှင့်ပညာရေးတို့ဖြစ်ပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းစဥ်ဆိုင်ရာ အစည်းအဝေး၊ကန်ထရိုက်တာရွေးချယ်ရေးနှင့် ညှိနှိုင်းဆွေးနွေးမှုတို့ဖြစ်ပါတယ်။
ယခု ရိပ်သာဖွင့်ပွဲဖွင့်လှစ်နိုင်တဲ့ အတိုင်းအတာရှိနေပါပြီ။
ဘာအတွက်ပါလဲ။
ထူးချွန်သော ဆေးဘက်ဆိုင်ရာလူမှုဖူလုံရေးတာ၀န်ခံ ဘဏ်၀န်ထမ်းနှင့် ဘဏ်လုပ်ငန်းရှင်များဖြစ်လာစေရန်ဖြစ်ပါတယ်။
ယခုမှစ၍ များပြားလှသော ဆေးရုံသူနာပြုစောင့်ရှောက်ရေးဂေဟာရဲ့ စီးပွားရေးလုပ်ငန်းပြန်လည်ထူထောင်ရေး လိုအပ်ပါမည်။
ထိုအချိန်မှာ ယုံကြည်စိတ်ချရသည့်ဘဏ်ဖြစ်လာစေရန်အတွက်ဖြစ်ပါတယ်။
ရည်ရွယ်ချက်ကြီးမားတဲ့ဘဏ်၀န်ထမ်းကို လာရောက်စေပြီး ၁ နှစ်လောက်အတူတကွကြိုးစားအားထုတ်ပြီး မျက်ရည်ကျခဲ့ရပါတယ်။
အတူအကွရေတွင်းတူးခဲ့တဲ့ ရဲဘော်ရဲဘက်တစ်ယောက်မွေးဖွားခဲ့ပါတယ်။
နောက်ဆုံးမှာ ဘဏ်ကိုပြန်ပြီးတော့ ဆေးဘက်ဆိုင်ရာလူမှုဖူလုံရေးရဲ့အာဏာပိုင်တစ်ဦး ဖြစ်စေချင်ပါတယ်။
နောက်တစ်ခု အုပ်ချုပ်ရေးပိုင်းကနေ လေ့လာရေးလာချင်တဲ့ပုဂ္ဂိုလ်သည်မရှိတာလား။
ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်း၊ကိုလိုနာ၊ဆေးဘက်ဆိုင်ရာသူနာပြုစောင့်ရှောက်ရေး ပေါင်းစပ်ထားခြင်းနှင့် အမျိုးမျိုးသောအကြောင်းအရင်း
များကြောင့် အုပ်ချုပ်ရေးတာ၀န်ရှိသူများလည်း ဒုက္ခရောက်နေကြတယ်လို့ထင်ပါတယ်။
ရှုပ်ထွေးသော လူမှုရေးအခင်းအကျင်းကိုမသိပဲ မှန်ကန်တဲ့အုပ်ချုပ်ရေးတာ၀န်များကို ထမ်းဆောင်ရန်မှာခက်ခဲပါတယ်။
ရှေးယခင်က လူမှုဖူလုံရေးသည် အုပ်ချုပ်ရေးအစိုးရ၏ တိုက်ရိုက်ထိန်းချုပ်မှုအပိုင်းလည်းရှိခဲ့ပါတယ်။
ကောင်းသောနည်းဖြင့် အုပ်ချုပ်ရေးအစိုးရ၏အမိန့်တွေလည်း ရှိခဲ့ပါတယ်။
ငွေကြေးအခက်အခဲအကြောင်းပြချက်ဖြင့်သာ တစ်ဖက်သတ် ပုဂ္ဂလိကပိုင်ကုမ္ပဏီကို လျှင်မြန်စွာပြုလုပ်လည်းပဲ ပြဿနာကိုမဖြေရှင်းနိုင်ပါဘူး။
Resort စီးပွားရေးပျက်သုဥ်းခြင်းခေတ်တွင် တတိယကဏ္ဍလို့ခေါ်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခု ရေပန်းစားလာခဲ့ပါတယ်။
ယခု PFI ဟုခေါ်ဆိုပါတယ်။
ဆေးဘက်ဆိုင်ရာလူမှုဖူလုံရေး ပညာရေးနှင့်သူနာပြုစောင့်ရှောက်ရေးတို့သည် လူ့အဖွဲ့အစည်းအာမခံအနေဖြင့် အခွန်ပေးဆောင်ထားပါတယ်။
အုပ်ချုပ်ရေးဆိုင်ရာမှန်ကန်မှု ၊ ပံ့ပိုးပေးမှုနှင့်ပါ၀င်ပတ်သတ်မှုတို့ လိုအပ်ပါတယ်။
အုပ်ချုပ်သူသည် အတွေ့အကြုံအရည်အချင်းမရှိလျှင် တာ၀န်ယူမှုရှိသောအုပ်ချုပ်ရေးကို မဆောင်ရွက်နိုင်ပါဘူး။
မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့၏ ဆေးဘက်ဆိုင်ရာနှင့်လူမှုဖူလုံရေးတာ၀န်ရှိသူများသည် အလုပ်ခွင်နေရာဆိုဒ်သို့ လေ့လာရန်ဆက်ဆက်
လာစေလိုပါတယ်။
Koyama G သည် အချိန်မရွေး လက်ခံပါတယ်။
စိတ်အားထက်သန်ပြီး ရည်မှန်းချက်ကြီးတဲ့လူငယ်တွေလာခဲ့ပါ။
Koyama G ဆီသို့။
နိုင်ငံခြားတိုင်းပြည်တွေ ၊ ဘဏ်တွေ ၊ အစိုးရရုံးတွေကနေလည်းပါပဲ။
သွေးခုန်နှုန်းအောက်ဆီမီတာ ၉၇ . ၉၈ . ၉၇
ခန္ဓာကိုယ်အပူချိန် ၃၆.၂ ၊ သွေးသကြားဓာတ် ၂၈၄
ညနှေင်းပိုင်း အခွန်မာသီးနှင့်စပျစ်သီးခြောက် ၊ ကိုယ်စားလှယ် Koyama Yasunari

KOYAMA GINZA myanmar

Posted by admin