လူကောင်းဖြစ်ချင်ပါတယ်

ကလေးဘ၀တုန်းက ကျွန်ုပ်၏အနာဂတ်အိမ်မက်စိတ်ကူးရှိခဲ့ပါတယ်။
ဘေ့စ်ဘောနီးပြ သို့မဟုတ် အားကစားသမားတစ်ဦးဖြစ်ချင်ခဲ့ပါတယ်။
ဂီတသမားနဲ့ဂီတနည်းပြဖြစ်ချင်ပါတယ်။
စာရေးဆရာ သို့မဟုတ် ကာတွန်းဆရာဖြစ်ချင်ပါတယ်။
ကျော်ကြားတဲ့ရုပ်ရှင်မင်းသား သို့မဟုတ် ရုပ်ရှင်ဒါရိုက်တာဖြစ်ချင်ပါတယ်။
နိုင်ငံရေးသမား သို့မဟုတ် နိုင်ငံသားတက်ကြွလှုပ်ရှားသူဖြစ်ချင်ပါတယ်။
စီးပွားရေးလုပ်ငန်းရှင်သူဌေးဖြစ်ချင်ပါတယ်။
သို့ပေမယ့် အခုအချိန်မှာတော့ ကျွန်ုပ်အဲဒါတွေဖြစ်ချင်တယ်လို့ မစဥ်းစားတော့ပါဘူး။
အဲဒီအိမ်မက်အတွက် ကြိုးစားအားထုတ်ခြင်း၊အနစ်နာခံခြင်း၊တိုက်ပွဲတွေကိုလည်း မလိုချင်တော့ပါဘူး။
အောင်မြင်ရန်အတွက်လည်း စိတ်မ၀င်စားတော့ပါဘူး။
လူတွေကိုမထိခိုက်စေတဲ့ လူကောင်းတစ်ယောက်ဖြစ်ချင်တယ်လို့ ဆန္ဒတစ်ခုရှိလာခဲ့ပါတယ်။
မကောင်းတဲ့လူတွေနဲ့ မဆက်စပ်ချင်ပါဘူး။
ကြီးကျယ်ခမ်းနားတဲ့သူ၊အောင်နိုင်သူအနေနဲ့လည်း မဖြစ်ချင်ပါဘူး။
အပေါင်းအဖော်အသစ်၊အစားအသောက်နဲ့ရုပ်ရှင်တွေမှာ နှစ်သက်ကြည်နူးစေတယ်ဆိုရင် အဲဒီလောက်နဲ့ပျော်ရွှင်ပါတယ်။
သို့သော် သူတစ်ပါးကိုရော မိမိကိုယ်ကိုရောမထိခိုက်စေဘဲ ကောင်းတဲ့လူတစ်ယောက်အနေနဲ့ အသက်ရှင်နေထိုင်သွားဖို့ဆိုတာက
ခက်ခဲလှပါတယ်။
ထို့ကြောင့် ခေါင်းဆောင်သည် အငြိမ်းစားယူရန်စိတ်ကူးယဥ်အိမ်မက်မက်ရင်းနဲ့ ဆက်လက်တိုက်ပွဲ၀င်ခဲ့ပါတယ်။
အနည်းဆုံး အပေါင်းအဖော်တွေလောက်ကိုတော့ ကာကွယ်ချင်ပါတယ်။
ကျွန်ုပ်၏ခန္ဓာကိုယ် ပျက်စီးသွားတဲ့အထိပါ။
ခန္ဓာကိုယ်အပူချိန် ၃၆.၃ ၊ သွေးသကြားဓာတ် ၁၄၃
ကောင်းသည်ဖြစ်စေ၊ဆိုးသည်ဖြစ်စေ ၊ ကိုယ်စားလှယ် Koyama Yasunari

KOYAMA GINZA myanmar

Posted by admin