နေ့စဥ်မှတ်တမ်း ၃ လပိုင်း ၂၉ ရက် မဂ္ဂဇင်း၀ယ်ရန် Yasunari ကွန်ကောင်ကလေးပြေးလွှားခြင်း

မူလတန်းကျောင်းသား Yasunari ကွန်ကောင်းကလေးသည် အင်္ဂါနေ့ညနေပိုင်းတွင် စျေး၀ယ်ခရိုင်ကိုဖြတ်ပြီး ဘူတာဆီသို့အသည်း
အသန်ပြေးလွှားသွားခဲ့ပါတယ်။
ဘူတာရုံကစာအုပ်ဆိုင်မှာ ကာတွန်းမဂ္ဂဇင်း၀ယ်ရန်သွားခဲ့ပါတယ်။
အဲဒီတုန်းက စျေးနှုန်းပေါက်စျေးသည် ယန်း ၄၀ လားပါပဲ။
သိပ်မကြာခင်မှာပဲ စျေးနှုန်းကြီးတဲ့ ယန်း ၆၀ သည် တစ်ခါတစ်ရံထွက်ခဲ့ပါတယ်။
Shonen မဂ္ဂဇင်းနှင့်Shonen Sunday ထုတ်ဝေသည့်ရက်စွဲဖြစ်ပါတယ်။
ထိုအချိန်က မဂ္ဂဇင်းကို ဘူတာရုံရဲ့စာအုပ်ဆိုင်မှာ ထုတ်ဝေမည့်ရက်မတိုင်ခင်ညကတည်းက ရောင်းချခဲ့ပါတယ်။
အသက်ရှူတာကိုရပ်လိုက်ပြီး ဘူတာရုံအပြင်ဘက်ရဲ့ဆိုင်ကိုရောက်တာနဲ့ စာအုပ်တစ်အုပ်အုပ်ကိုရပ်ဖတ်ပြီးတော့ မဖတ်ရသေးတဲ့
တစ်အုပ်ကို၀ယ်ပြီးပြန်လာပါတယ်။
အိမ်အပြန်လမ်းမှာ ဖြေးညှင်းစွာလမ်းလျှောက်ရင်းနဲ့ ဖတ်ပါတယ်။
ထို့နောက် အိမ်အနီးအနားက စာအုပ်အငှားဆိုင်မှာရောင်းပြီးပြန်ပါတယ်။
ယန်း ၁၀ လောက်နဲ့စျေးသက်သက်သာသာ ရောင်းခဲ့တယ်မဟုတ်လား။
မဂ္ဂဇင်းလက်ကားဆိုင်ပါ။
ငွေကြေးထက် ၁ ရက်လောက်နဲ့မြန်မြန်ဖတ်ပြီး နောက်နေ့မှာ အတန်းဖော်တွေကို ကြွားလုံးထုတ်ချင်ခဲ့တာပါ။
ပိုက်ဆံချွေတာရာလည်း ရောက်ပါတယ်။
ဘယ်လောက်အေးတဲ့ညပဲဖြစ်ဖြစ် ဂရုမစိုက်ပါဘူး။
ရင်ဘက်ထဲမှာ စိတ်လှုပ်ရှားပီတိဖြစ်ပြီး‌ နှလုံးသားကမရပ်တန့်နိုင်ခဲ့ပါဘူး။
မဂ္ဂဇင်းမျက်နှာဖုံးကိုကြည့်ရုံနဲ့ နှလုံးခုန်နှုန်းကမြန်လာခဲ့တာအသေချာပါ။
မဂ္ဂဇင်းထွက်မည့်ရက်ကို စိတ်လှုပ်ရှားပြီးစောင့်မျှော်ရမည့်အရာ အခုမရှိတော့ပါဘူး။
ကောက်ရိုးစက္ကူလိုမျိုး စာရွက်ရဲ့ခံစားမှုကိုလည်း အမှတ်ရနေပါတယ်။
အဲဒီလို အာရုံခံစားမှုဗောဓိဉာဏ်နဲ့ပေါင်းစပ်ပြီးတော့ ဇာတ်လမ်းကိုလည်း မှတ်မိနေပါတယ်။
ပန်းချီ၊ စက္ကူတို့၏အာရုံခံစားမှုနှင့်ညနေဆည်းဆာအချိန် ဘူတာရုံရဲ့ရှု့ခင်းတို့ဖြစ်ပါတယ်။
အဲဒါက မူလတန်းကျောင်းသားအရွယ်အချိန်ရဲ့ လွတ်လပ်ပြီးအမှီအခိုကင်းတဲ့ အမှတ်တရပါ။
မူလတန်းကျောင်းသားလေးသည် စျေး၀ယ်ရက်ကွက်ကိုဖြတ်ပြေးတဲ့အခါ လှမ်းခေါ်တဲ့လူကြီးတွေလဲရှိခဲ့ပါတယ်။
မျှော်လင့်ချက်များနဲ့ အပြုံးမျက်နှာပြည့်လျှံနေတဲ့ကလေးသည် အသည်းအသန်ပြေးခဲ့ပါတယ်။
စျေး၀ယ်ရက်ကွက်ကိုသွားတဲ့လမ်းသည် ရှည်လျားခဲ့ပေမယ့်လည်း ဆင်းရဲဒုက္ခမဖြစ်စေပါဘူး။
အဲဒီလို ရှည်လျားစွာစောင့်မျှော်ရတဲ့အချိန်ကလသည် ဘယ်ရောက်သွားခဲ့တာပါလဲ။
အဲဒီမဂ္ဂဇင်းတွေလည်း ပျောက်ကွယ်သွားခဲ့ပါပြီ။
အင်တာနက်မှာ အချိန်တိုင်း သတင်းအချက်အလက်များကို ရရှိနိုင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။
ရုပ်ရှင်တွေမှာတောင် ဇာတ်ကားနမူနာမျိုးစုံကို အင်တာနက်မှာ များပြားစွာကြည့်ရှု့ရုံနဲ့ ရုပ်ရှင်ရုံကိုသွားပြီးကြည့်ဖူးသလိုမျိုး
ထင်ရောင်ထင်မှားဖြစ်စေနိုင်ပါတယ်။
ယခုတလော ကျွန်ုပ်သည် နေ့စဥ်အချိန်ဇယားကိုပိုင်နိုင်စွာအသုံးပြုရုံနဲ့ အကောင်းဆုံးလုပ်ဆောင်ပါတယ်။
မနက်ဖြန်လို့ခေါ်တဲ့နေ့ကို စိတ်လှုပ်ရှားစွာစောင့်ဆိုင်းရခဲ့တဲ့အကြိုညဟာ ပျောက်ကွယ်သွားခဲ့ပါပြီ။
အသက်အရွယ်ကြီးလာတာနဲ့အမျှ ဘ၀ရဲ့ နေ့ရက်တွေမှာအကျွမ်းတ၀င်ရှိလွန်းတဲ့အကြောင်းပါလား။
အကျွမ်းတ၀င်ရှိတဲ့သုခချမ်းခြင်းလား သို့မဟုတ် လတ်ဆတ်သော ပူပန်မှုရဲ့နေ့ရက်များလား။
မနက်ဖြန်က ဘယ်ဟာဖြစ်မလဲ။
သွေးခုန်နှုန်းအောက်ဆီမီတာ ၉၉ . ၉၉ . ၉၉
ခန္ဓာကိုယ်အပူချိန် ၃၆.၂ ၊ သွေးသကြားဓာတ် ၁၄၁
ညနေပိုင်းအပြေးသမား ၊ ကိုယ်စားလှယ် Koyama Yasunari

KOYAMA GINZA myanmar

Posted by admin