နေ့စဥ်မှတ်တမ်း ၃ လပိုင်း ၂၃ ရက် အခန်း ၁၉၂ ခန်းပါခရီးသည်တင်သင်္ဘော ရွက်လွှင့်ခြင်း

မနေ့က Soka မှာ ၄ ခုမြောက်အထူးဘိုးဘွားရိပ်သာ ပြီးစီးခြင်းအခမ်းအနားဖြစ်ပါတယ်။
ကုတင် ၁၉၂ လုံးပါသော ကြီးမားသောအဆောက်အဦးပါ။
ဒီဇိုင်းနှင့်အတွင်းပိုင်းခံစားမှုများသည် Koyama G ၏ဒီဇိုင်းခံစားမှုနှင့်ကွဲပြားနေပြီး စိတ်၀င်စားစရာကောင်းခဲ့ပါတယ်။
အ၀င်ပေါက်ဆိုင်းဘုတ်၏ဒီဇိုင်းသည်လည်း အဆောက်အဦးအတွက် ထူးခြားပါတယ်။
အန်စာတုံးများကိုလှိမ့်နေပုံရသည့် မီးအိမ်ပြတင်းပေါက်၏ဒီဇိုင်းမှာလည်း အနုပညာဆန်ပါတယ်။
အကြိုက်ဆုံးကတော့ အမှိုက်သိုလှောင်တဲ့နေရာရဲ့အပြင်ပိုင်းဖြစ်ပါတယ်။
အဲဒီလိုနေရာပုံစံလို့ မမြင်ရပါဘူး။
ဒီဇိုင်းအယူအဆသည် ၀န်ထမ်းတွေက ပထမဦးဆုံးပါ။
နေထိုင်သူများ၏ပထမဦးဆုံးဒီဇိုင်းခေတ်ကာလသည်လည်း ရှိခဲ့ပါတယ်။
အံ့မခန်းဖြစ်တာက အပေါ်ဆုံးထပ်ရှိ၀န်ထမ်းစားသောက်ဆိုင်နှင့် သစ်သားကုန်းပတ်အမိုးလှေကား ဖြစ်ပါတယ်။
အပြင်ဘက်ကိုကြည့်ရှု့ရင်း ဘီယာလည်းသောက်လို့ရတဲ့ ကောင်တာထိုင်ခုံပါ။
အသားကင်ပါတီများအတွက် သင့်လျော်သောအိမ်ခေါင်မိုးဖြစ်ပါတယ်။
အဲဒီနေရာမှာ ဆောက်လုပ်ရေးကုမ္ပဏီမှ လှူဒါန်ထားသော အပြင်ဘက်ဆိုဖာလည်းရှိပါတယ်။
ကံကောင်းစွာနဲ့ရာသီဥတုသာယာပြီး အနီးနားပတ်၀န်ကျင်မှမြင်ကွင်းများသည် ရင်သပ်ရှုမောဖွယ်လှပါတယ်။
ကိုလိုနာကြောင့် Koyama G ၏နိုင်ငံတစ်၀ှမ်းရှိအမှု‌ဆောင်များသည် စုဝေးခြင်းကိုရှောင်ကြဥ်ခဲ့သော်လည်း အွန်လိုင်းမှ
ပါ၀င်ခဲ့ကြပါတယ်။
ထို့‌နောက် အခမ်းအနားတွင် Koyama G မှဂုဏ်ပြုပန်းစည်းများကို စီတန်းထားပါတယ်။
အချိန်အတော်ကြာအောင်အထားခံတဲ့ သစ်ရွက်ပါတဲ့အပင်တွေများခဲ့လို့ ၀မ်းသာမိပါတယ်။
သစ်ရွက်ပါရှိတဲ့အပင်များသည် အလင်းရောင်ရတဲ့နေရာမှာထားလျှင် ကြာရှည်ခံပြီးအသက်ရှည်ပါတယ်။
အရေးပေါ်လှေကားများမှာ ဆောက်လုပ်ရေးလုပ်ငန်းစဥ်၏ တည်ဆောက်မှုဓာတ်ပုံများဖြင့် အလှဆင်ထားပါတယ်။
လှေကားကို ၀န်ထမ်းတွေပုံမှန်အသုံးပြုမှာဖြစ်သည့်အတွက် ဤအဆောက်အဦးကိုဆောက်လုပ်သည့်အချိန်ရဲ့ ဗိသုကာပညာရှင်များ၏
ကြိုးစားအားထုတ်မှုကို မမေ့လျော့အောင်လို့ခံစားချက်လည်း ပါ၀င်ပါတယ်။
ထို့‌နောက် အခြေခံအုတ်မြစ်အစား ဤအဆောက်အဦးကို‌ဆောက်လုပ်သူများ၏ နံမည်များကိုလည်း ဧည့်ခန်းတွင်အလှဆင်ထားပါတယ်။
ရေတွင်းတူးခဲ့တဲ့သူတွေရဲ့စာရင်းပါ။
လူဦးရေ ၁၀၀၀ ကျော်ပါတယ်။
ကျွန်ုပ်၏နာမည်ကိုလည်း‌ တွေ့ခဲ့ပါတယ်။
အဲသည်လိုမျိုး ထုံးစံအတိုင်းကျွန်ုပ်၏အခမ်းအနားပြီးမြောက်စေပြီး ၀မ်းမြောက်ခြင်းဖြင့် Koyama ၏အမှတ်ရဖွယ်နေ့တစ်နေ့
ကုန်ဆုံးသွားခဲ့ပါတယ်။
အဲဒီအတွင်း WBC မှာလည်းအနိုင်ရရှိခဲ့ပါတယ်။
ကျွန်ုပ်သည် အားကစားအကြောင်းသိပ်မသိတဲ့အတွက်ကြောင့် WBC သည် SMBC နဲ့မတူဘူးလားလို့ စသည်ဖြင့်အရွှန်းဖောက်ခဲ့ပါတယ်။
ထူးချွန်တဲ့အားကစားသမားများစွာနဲ့ အံ့အားသင့်ဖွယ်အောင်ပွဲဖြစ်ခဲ့ပါတယ်။
ရုပ်ရှင်ဆိုရင်တောင် ဇာတ်ညွှန်းကောင်းလွန်းတယ်လို့ ထင်ပါတယ်။
ဘေ့စ်ဘောလုံးကစားသမားသည် အဆက်မပြတ်ပြောင်းလဲပြီး ပစ်ပေါက်ခြင်းဖြင့်အနိုင်ရခဲ့ခြင်းသည် နည်းပြရဲ့တွန်းအားလို့ထင်ပါတယ်။
Koshien ကစားကွင်းမှာကျင်းပခဲ့သော်လည်း ပွဲကြည့်ပရိတ်သတ်များသည် WBC ရဲ့အောင်ပွဲအတွက် ရုတ်တရက်အော်ဟစ်အားပေးလိုက်
အတွက်ကြောင့် ဒိုင်လူကြီးသည်စိတ်ရှုပ်သွားပုံရပါတယ်။
Koshien အားကစားရုံရှိပွဲကြည့်ပရိတ်သတ်များသည်လည်း စမတ်ဖုန်းဖြင့် WBC သတင်းများကို နား‌ထောင်ခဲ့ဖူးကြပါမယ်။
ရုပ်ရှင်ရိုက်ကွင်းတွင်အသုံးပြုချင်တဲ့ အပိုင်းတစ်ပိုင်းဖြစ်ပါတယ်။
ဒရာမာသည် တစ်ဆက်တည်းအပြိုင် တိုးတက်နေပါတယ်။
တစ်ခါတစ်ရံမှာ ပျော်ရွှင်စရာနေ့ရက်တွေလည်းရှိပါတယ်။
နေသာတဲ့နေ့တွေလဲရှိပါတယ်။
၀န်ထမ်းများ၏ ယူနီဖောင်းအင်္ကျီများသည် ပန်းရောင်၊အပြာ‌ရောင်၊အစိမ်းရောင်နှင့် ခရမ်းရောင် ရောင်စုံဖြစ်ပါတယ်။
အလုပ်နေရာအလိုက် အရောင်တွေခွဲထားတာလားလို့မေးကြည့်တဲ့အခါ တစ်ဦးချင်းမိမိကြိုက်နှစ်သက်ရာအရောင်ကို ရွေးချယ်ကြတယ်လို့
ပြောခဲ့ပါတယ်။
ဘယ်လိုပါလဲ Koyama နဲ့တူပါသလား။
အိမ်အပြန်တွင် ကျွန်ုပ်သည် ခရမ်းရောင်ကိုမှာထားလိုက်ပါတယ်။
မှေးမှိန်တဲ့အရောင်နဲ့လိုက်ဖက်တဲ့အသက်အရွယ်ရောက်လာခဲ့ပြီလို့ အသိတရားရှိပါတယ်။
အသစ်စတင်ခြင်းအတွက် ဂုဏ်ယူပါတယ်။ Momoka Soka
သွေးခုန်နှုန်းအောက်ဆီမီတာ ၉၈ . ၉၈ . ၉၇
ခန္ဓာကိုယ်အပူချိန် ၃၆.၄ ၊ သွေးသကြားဓာတ် ၁၉၇
အမျိုးသားတစ်ဦး၏အချစ်သီချင်း ၃ပုဒ်၊သံစုံတီး၀ိုင်းတီးခတ်သူ၊ဘေ့စ်ဘောနည်းပြ၊ရုပ်ရှင်ဒါရိုက်တာ ၊
ကိုယ်စာလှယ် Koyama Yasunari

KOYAMA GINZA myanmar

Posted by admin