အသက် ၃၀ နှစ်၊ ၄၀ နှစ်၊ ၆၈ နှစ်

မနေ့က Tottori မှာအသေးစားဘက်စုံသုံးအဆောက်အဦးဂေဟာရဲ့ ပြီးမြောာက်ခြင်းအခမ်းအနားဖြစ်ပါတယ်။
ကျွန်ုပ်သည် မတက်ရောက်နိုင်ဘဲ အွန်ုလိုင်းကနေပါ၀င်ခွင့်ရခဲ့ပါတယ်။
အဲဒီကော်ပိုရေးရှင်းတွင် နှစ် ၃၀ ကြာတာ၀န်ထမ်း‌ဆောင်ခဲ့သည့်၀န်ထမ်းသည် ၃ ဦးရှိပါတယ်။
ပြီးမြောက်ခြင်းအခမ်းအနားတွင် အဲဒီကော်ပိုရေးရှင်းရဲ့သမိုင်းကို ဗီဒီယိုဖြင့်ခြေရာခံခဲ့ပါတယ်။
ယခုမရှိတော့တဲ့မိဘတွေရဲ့ မျက်နှာကိုမြင်ရပါတယ်။
မိဘတွေ Tottori ကိုသွားရောက်လည်ပတ်ခဲ့စဥ်က ဓာတ်ပုံဖြစ်ပါတယ်။
ပထမမျိုးဆက်ဥက္ကဋ္ဌရဲ့ Ochanomizu တက္ကသိုလ်မှ ပါမောက္ခတစ်ဦးရဲ့ဓာတ်ပုံလည်း ရှိပါတယ်။
ထို့‌နောက် ငယ်ရွယ်စဥ်ကကျွန်ုပ်နှင့် ယခုလက်ရှိအမှုဆောင်၀န်ထမ်းဖြစ်ပါတယ်။
တိုကျိုမှကျွန်ုပ်သည်လည်း အွန်လိုင်းမှာ လေးလေးနက်နက်ခံစားရပြီး မျက်ရည်ကျလုမတတ်ပါ။
Tottori မှာ သက်ကြီးရွယ်အိုများအတွက် ကျန်းမာရေးစောင့်ရှောက်မှုဌာနကို ဖွင့်စေချင်တယ်လို့ ဖိတ်ကြားလာခဲ့သည့်အချိန်က
မြို့တော်၀န်ကို သတိရမိပါတယ်။
တတိယအကြိမ် အလည်အပတ်ဖိတ်ခေါ်ခြင်းလက်ခံရရှိသည့်အခါတွင် ငြင်းဆိုမှုမပြုလုပ်နိုင်ခဲ့ပါဘူး။
ကော်ပိုရေးရှင်းအမည်ကို အဲဒီမြို့တော်၀န်မှ ထည့်သွင်းစဥ်းစားခဲ့ပါတယ်။
Tottori မြို့ကနေထွက်ခွာဖို့ စိတ်ကူးထားပါတယ်။
အဲဒီကော်ပိုရေးရှင်းသည် ယခု Kanto ဒေသတွင် အထူးဘိုးဘွားရိပ်သာဖွင့်လှစ်ရန်အဆင်သင့်ဖြစ်နေပါပြီ။
သို့သော် ယခုမှာ မြို့တော်၀န်သည် မွေးရပ်ဇာတိ Tottori မြို့ကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်။
အခမ်းအနားပြီးဆုံးပြီးနောက်တွင် ကျန်ုပ်၏မွေးနေ့ပါတီကျင်းပခဲ့ပါတယ်။
၀န်ထမ်းများ၏ လက်လုပ်ကိတ်မုန့်နှင့်၀န်ထမ်းများ၏မျက်နှာဓာတ်ပုံဖြင့် ပြုလုပ်ထားသည့် အထိမ်းအမှတ်ဖြစ်ပါတယ်။
Zoom ထဲမှပုံများကိုမြင်ရရုံနဲ့ ကျွန်ုပ်သည်အဲဒါနဲ့တင်ကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်။
အလုပ်နေရာကို မသွားနိုင်တဲ့အတွက်အလိုမကျမှုနှင့် နှလုံးသားထဲမှာတောင်းပန်မှုတွေပြည့်နှက်နေပါတယ်။
ထိုမျှလောက်နဲ့ အတွေးတွေများလာခဲ့ပါတယ်။
ကျေးဇူးပါ၊ကျေးဇူးပါ။
ဒီနေ့ ကျွန်ုပ်သည် အသက် ၆၈ နှစ်ပြည့်ပါပြီ။
Tokyo Disneyland သည် နှစ် ၄၀ ပြည့်နှစ်ပတ်လည်နေ့အကြောင်းကို သတင်းတွင်ဖော်ပြထားပါတယ်။
Koyama အဖွဲ့အစည်းသည်လည်း ယခုနှစ်တွင် နှစ် ၄၀ ပြည့် နှစ်ပတ်လည်ဖြစ်ပါတယ်။
အချိန်တွေကုန်ဆုံးတာ မြန်ဆန်ပါတယ်။
ရှေ့သို့သာမျှော်ကြည့်တဲ့ နေထိုင်မှုဘ၀ပါ။
အဲဒီနေ့အကြောင်းကလွဲပြီး စဥ်းစားလို့မရပြီး တိုက်ပွဲ၀င်ခဲ့ရတဲ့နေ့ရက်တွေဖြစ်ခဲ့ပါတယ်။
အကြောင်းတစ်ခုခုကြောင့် ဒီနေ့က တစ်ယောက်ထဲငိုခဲ့ရတဲ့နေ့ပါ။
ဘာကြောင့်ငိုရလဲဆိုတာက ကျွန်ုပ်လည်းမသိတော့ပါဘူး။
တစ်နေ့နေ့မှာတော့ အဖေ့ကိုမေးကြည့်ပါမယ်။
သွေးခုန်နှုန်းအောက်ဆီမီတာ ၉၈ . ၉၉ . ၉၉
ကိုယ်အပူချိန် ၃၆.၄ ၊ သွေးသကြား ၁၇၈
ပန်းများနှင့်မုန်လာဥနီဖျော်ရည် ၆၈ ပုလင်းကျေးဇူးတင်ပါတယ်။
၆၈ နှစ် ၊ ကိုယ်စာလှယ် Koyama Yasunari

KOYAMA GINZA myanmar

Posted by admin