နေ့စဥ်မှတ်တမ်း ၃ လပိုင်း ၂၂ ရက် ဂီတကုထုံးပညာရှင်

မနေ့က အမျိုးသားရုံးပိတ်ရက်ဖြစ်သော်လည်း တိုကျိုမှာလူမှုဖူလုံရေးကော်ပိုရေးရှင်းများ၏ ဂေဟာမန်နေဂျာအလုပ်အမှုဆောင်
အစည်း‌ဝေးဖြစ်ပါတယ်။
တစ်ရက်လုံးနီးပါး အွန်လိုင်းနဲ့ဖြစ်ပါတယ်။
ကျွန်ုပ်သည်လည်း နေအိမ်ကနေပါ၀င်ပြီး အားလုံးနီးပါးနားထောင်ခဲ့ပါတယ်။
တိုကျိုသည် ကျေးလက်ဒေသနှင့်နှိုင်းယှဥ်ကြည့်လျှင် ပြဿနာတိုင်းသည် ထင်ရှားဖော်ပြနေပါတယ်။
ထို့အပြင် ကျေးလက်ဒေသများထက်ပိုမိုမြန်ဆန်ပါတယ်။
တိုကျိုသည် ကျောက်မီသွေးတွင်း၏ကိန္နရီဟု ဆိုလိုပါတယ်။
ပထမဦးဆုံး ဒုက္ခရောက်မည့်နေရာဒေသဖြစ်ပါတယ်။
သူနာပြုစောင့်ရှောက်ရေးလုပ်ငန်းခွင်သည်ပင် လုပ်သားအင်အားမလုံလောက်ပါဘူး။
ကိုလိုနာဆုပ်ယုတ်မှုတွေ ဆက်လက်ဖြစ်ပေါ်နေလျှင်ပင် အလုပ်ခွင်တိုင်းသည် လူ့စွမ်းအားအရင်းအမြစ်လျော့နည်းလာပါတယ်။
ယာဥ်မောင်းများ ၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်များနှင့် ဖြန့်ဖြူရေးအလုပ်ဆိုက်နေရာတို့ဖြစ်ပါတယ်။
အလုပ်သမားတွေ ဘယ်နေရာကိုရောက်သွားကြတာလဲ။
နေအိမ်မှာရှိနေတာလား။
ဆေးဘက်ဆိုင်ရာလူမှုဖူလုံရေးသည်လည်း အလုပ်လုပ်သည့်ပုံစံကိုပြုပြင်ပြောင်းလဲပြီးတော့ အလုပ်ဆိုက်နေရာလူ့စွမ်းအားအရင်း
အမြစ်ကို ကန့်သတ်ထားပါတယ်။
ဆရာ၀န်များသည် တက္ကသိုလ်ဆေးရုံများမှ စေလွှတ်ရန်အပို၀န်ထမ်းများမရှိတော့ပါ။
အဲဒီနောက်ပိုင်းတွင် ကောင်းတဲ့အရာကိုမတွေးနိုင်တော့ပေမယ့်လည်း အစည်းအဝေးအစီရင်ခံစာထဲမှာ အထင်ကြီးစရာအကြောင်း
တွေ့ခဲ့ပါတယ်။
လာမည့်နှစ်ရဲ့အလုပ်ခန့်ရေးအစီအစဥ်အထဲတွင် ဂီတကုထုံးပညာရှင်နှစ်ဦးကို ခန့်အပ်မဲ့အကြောင်းဖြစ်ပါတယ်။
လူမှု့ဖူလုံရေးကော်ပိုရေးရှင်းတစ်ခုတွင် ဂီတကုထုံးပညာရှင်၏အလုပ်ခန့်အပ်ရေးသည် ထူးဆန်းတယ်လို့ထင်ခဲ့ပါတယ်။
ခေတ်ကာလတွေ ပြောင်းသွားတာကြောင့်လား။
စတင်တည်ထောင်ချိန်လောက်တွင် St. Luke’s ဆေးရုံ၏ Hinohara ဆရာ၀န်နှင့် အဆိုတင်သွင်းခဲ့သောဆေးကျောင်းပါမောက္ခရဲ့
စကားကိုကြားသိခဲ့ရပြီး စိတ်ရောဂါကုဆရာ၀န်များ၏ နယ်ပယ်ဖြစ်တယ်လို့ထင်ခဲ့ပါတယ်။
အရည်အချင်းလက်မှတ်ကိုရယူရာတွင် ဆေးဘက်ဆိုင်ရာသူနာပြုတက္ကသိုလ်နှင့် ဂီတတက္ကသိုလ်မှာကျင်းပပြုလုပ်နေပေမဲ့လည်း
ဂီတပညာရှင်ဆီသို့ ချဥ်းကပ်မှုကနည်းတယ်လို့ခံစားမိပါတယ်။
ဂီတနှင့်စိတ်ပိုင်းဆိုင်ရာကုထုံးနှစ်ခုလုံးနှင့်သက်ဆိုင်သော ပေါင်းစပ်အရည်အချင်းတစ်ခုဖြစ်သင့်ပါတယ်။
သို့သော်လည်း ယေဘုယျအားဖြင့် မသိသေးသော လူ့အဖွဲ့အစည်းထဲသို့ထိုးဖောက်၀င်ရောက်မလာပါဘူး။
စိတ်ရောဂါကုဆေးရုံမှာ ကျွမ်းကျင်ပညာရှင်လို့ထင်ခဲ့ပေမဲ့လည်း အဲဒါတင်မဟုတ်ပါဘူး။
တကယ်တော့ လူမှုရေးအရဆုတ်ခွာခြင်းနှင့် ဖွံ့ဖြိုးမှုဆိုင်ရာချို့ယွင်းတဲ့ကလေးများအတွက် ဂီတကုထုံးသည် ထိရောက်မှုမရှိဘူးထင်ပါတယ်။
မိဘတွေနဲ့သားသမီးများသည် ပျော်ရွှင်စရာဂီတရုပ်ရှင်နှင့်စင်မြင့်‌ဖျော်ဖြေပွဲတွေကို ကြည့်ရှု့ခွင့်ရခြင်းသည် အဲဒီတံခါးပေါက်လို့ထင်ပါတယ်။
လောကတွင် နိုင်ငံတော်အသိအမှတ်ပြုအရည်အချင်းလက်မှတ်ရရှိထားသော ကျွမ်းကျင်သူများဟုဆိုသောပုဂ္ဂိုလ်ရဲ့ အလုပ်အကိုင်နယ်ပယ်
ကို စိတ်ပူနေကြပါတယ်။
AI၊ DX နှင့် စက်ရုပ်များ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ လူ့အဖွဲ့အစည်းအတွင်း ထိုးဖောက်ဝင်ရောက်လာပါတယ်။
ဆရာဝန်များ၊ ရှေ့နေများ၊ စာရင်းကိုင်များ၊ ဆေးဆိုင်များ၊ ယာဉ်မောင်းများလည်းပါပဲ။
အလိုအလျောက်မောင်းနှင်သည့်ယာဉ်များ၊ အလိုအလျောက်ဆေးဝေပေးခြင်းနှင့် သူနာပြုစောင့်ရှောက်မှု စက်ရုပ်များဖြစ်ပါတယ်။
ကျွန်ုပ်အနေနဲ့ ယုံကြည်ချက်မရှိပြီး အဆင်မပြေလောက်ဘူးလို့ ကြိုတင်ခန့်မှန်းမိပါတယ်။
ဂျမ်ဘိုဂျက်လေယာဉ်များသည်လည်း အများအားဖြင့် အော်တိုလေယဉ်ဖြင့်မောင်းနှင်နေကြပေမဲ့လည်း နောက်ဆုံးတာ၀န်ကိုယူနိုင်
ရန်အတွက် လူသားလေယာဥ်မှူးတစ်ဦးလိုက်ပါလာပါတယ်။
monorail သည် တစ်စိတ်တစ်ပိုင်း မောင်းသူမဲ့ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
ကျွမ်းကျင်ပညာရှင်အမျိုးမျိုးဟုဆိုကြသောသူများသည် အသိပညာဗဟုသုတများကို ယူဆောင်လာပြီး ဆေးပညာစောင့်ရှောက်မှုလောက
တွင် အလုပ်လုပ်စေချင်တယ်လို့ထင်ပါတယ်။
သူနာပြုစောင့်ရှောက်မှုလောကနှင့် ဆေး၀ါးပညာရှင်နှင့်ကလေးထိန်းလုပ်သားများကိုလည်း အလုပ်လုပ်စေချင်တယ်လို့ မျှော်လင့်မိပါတယ်။
မှန်ပါတယ် အဲဒီအတွက် အလုပ်လုပ်နိုင်တဲ့ပတ်၀န်းကျင်ကို မပြင်ဆင်လို့မရပါဘူး။
အခြားသော လုပ်ငန်းများတွင် ဝန်ထမ်းများ၏ပညာရေးဖြစ်ပါတယ်။
ထို့‌နောက် အထူးကုဆရာဝန်က လမ်းညွှန်ပေးပါမယ်။
လူမှုဖူလုံရေးလောကတွင် လူမှုဖူလုံရေးပညာရှင်များနှင့် ပြည့်လျှံနေပါတယ်။
အုပ်ချုပ်ရေးဆိုင်ရာတရားစီရင်ပိုင်ခွင့်တွင် ခိုင်မာသောအသိစိတ်ဖြစ်ပါတယ်။
လူ့အဖွဲ့အစည်း၏ယေဘုယျသဘောဆောင်သည့်လမ်းပေါ်တွင် ပထမဦးစွာ သက်ဆိုင်သူပုဂ္ဂိုလ်၏အသိဉာဏ်ကို ပြုပြင်ပြောင်းလဲရန်လိုအပ်ပါတယ်။
ကျွန်ုပ်ပြုလုပ်သင့်သည်မှာ Koyama G ၀န်ထမ်းများ၏အသိဉာဏ်ကို ပြုပြင်ပြောင်းလဲမှုများကို ဆက်လက်လုပ်ဆောင်ပါမည်။
သွေးခုန်နှုန်းအောက်ဆီမီတာ ၉၈ . ၉၈ . ၉၈
ခန္ဓာကိုယ်အပူချိန် ၃၆.၃ ၊ သွေးသကြားဓာတ် ၂၃၈
အတွေ့အကြုံမရှိဆဲလ်သမားတစ်ဦး၏ Gauche ၊ ကိုယ်စားလှယ် Koyama Yasunari

KOYAMA GINZA myanmar

Posted by admin