တစ်ချိန်ချိန်တစ်နေရာ‌ရာမှာ

ကျွန်ုပ်၏လူမှုဘ၀တွင် သောကြာနေ့သည် အလုပ်များတဲ့နေ့ဖြစ်ပါတယ်။
မနက်က Shinjuku မှာရှိတဲ့ဟိုတယ်မှာ ဆေးရုံအသင်းအဖွဲ့အစီးအဝေးရဲ့ နံနက်စာစားပွဲဖြစ်ပါတယ်။
နှစ် ၄၀ နီးပါးဆက်လက်ရှိလာခဲ့ပြီး ကျွန်ုပ်တည်ထောင်သူအဖွဲ့အ၀င်အနေဖြင့် အငယ်ဆုံးအဖွဲ့၀င်ဖြစ်ပြီး ယခုတက်ရောက်သူအထဲ
မှာ ကျွန်ုပ်အသက်အကြီးဆုံးပါ။
နေ့ခင်းဘက်မှာ Ginza ရှိဟိုတယ်တစ်ခုမှာ Rotary ရဲ့နေ့လယ်စာစားပွဲဖြစ်ပါတယ်။
ဤဟာသည်လည်း အသက်အငယ်ဆုံးပါ၀င်ခဲ့ပြီး ယခု အသက်အကြီးဆုံးအဖွဲ့၀င်ဖြစ်လာခဲ့ပါပြီ။
ဤဟာသည်လည်း နှစ်ပေါင်း ၃၀ ကျော်သမိုင်းကြောင်းကို ဂုဏ်ယူမိပါတယ်။
နှစ်ခုစလုံးသည် အကြိမ်တိုင်း ဟောပြောသူပုဂ္ဂိုလ်ကရှိပြီး လေ့လာမှုအစည်းအဝေးတစ်ခုဖြစ်လာခဲ့ပါတယ်။
မနေ့က နှစ်ခုစလုံး Tohoku တက္ကသိုလ်မှပါမောက္ခတွေဖြစ်ခဲ့ပါတယ်။
တိုက်ဆိုင်စွာပင် နှစ်ခုစလုံး အိုမင်းရင့်ရော်မှုကိုတိုက်ဖျက်ခြင်းနှင့် အိုမင်းရင့်ရော်ခြင်းဆိုင်ရာသုတေသနပြုခြင်းအကြောင်းဆွေး
နွေးခဲ့ပါတယ်။
ဟုတ်ပါတယ် နှစ်ခုစလုံးသည် ရင်းနှီးသောဆက်ဆံရေးတစ်ခုဖြစ်ပါတယ်။
ကျွန်ုပ်သည် ဒီလိုလေ့လာရေးပွဲကို ငယ်ရွယ်စဥ်အချိန်ကတည်းကသဘောကျပြီး နေ့တိုင်းနီးပါးပါ၀င်လာခဲ့ပါတယ်။
သာမာန် ထမင်းစားရတာကိုမကြိုက်ပါဘူး။
အိမ်မှာ တီဗီ သို့မဟုတ် အင်တာနက်မှာ ဟောပြောပွဲတစ်ခုခုကို နားထောင်ရင်းနဲ့ တိုဟူးနဲ့ကြက်ဥကို စားနေပါတယ်။
နဂရာမျိုးနွယ်စုရဲ့ကျောင်းသားတစ်ဦးအနေနဲ့ ကျွန်ုပ်ရဲ့ခံစားချက်မဟုတ်ဘူးလား။
ညပိုင်းတွင် Ginza ရှိသီးသန့်ဆက်ဆိုဖုန်းဖျော်ဖြေပွဲနှင့် ပီဇာအသားညှပ်ပေါင်မုန့်ဖြင့် မိတ်ဆုံးစားပွဲဖြစ်ပါတယ်။
စီးပွား‌ရေးကတ်တွေဖလှယ်ကြပေမယ့်လည်း အားလုံးသည် ယခင်တုန်းက ကျွန်ုပ်နှင့်တွေ့ဖူးကြတယ်လို့ပြောကြပါတယ်။
တစ်နေရာရာမှာ ပါတီပွဲလား ၊ ဟောပြောပွဲလား ဒါမှမဟုတ် လေ့လာရေးပွဲလားပါပဲ။
တစ်ချိန်ချိန် တစ်နေရာရာမှာ တွေ့ဆုံလာခဲ့ကြပါတယ်။
ဆေးဘက်ဆိုင်ရာစောင့်ရှောက်မှုလုပ်ငန်း၌ စီးပွားရေးမန်နေဂျာအနေနဲ့ နှစ် ၄၀ ရုန်းကန်လာခဲ့တဲ့အတွက်ကြောင့် ထုံးစံအတိုင်းပါပဲ။
Koyama G သမိုင်းသည် သက်ကြီးရွယ်အိုဆေးဘက်ဆိုင်ရာစောင့်ရှောက်မှုနှင့် သူနာပြုစောင့်ရှောက်မှုဆိုင်ရာမူ၀ါဒများ၏ သမိုင်း
ကြောင်းကို ဂုဏ်ယူပါတယ်။
ကျွန်ုပ်ကိုယ်တိုင်လည်း ၀ါရင့်အရည်အချင်းရှိတဲ့ မန်နေဂျာတစ်ယောက်ဖြစ်လာခဲ့ပါပြီ။
အမျိုးမျိုးသောမေးခွန်းကိုလက်ခံရရှိခဲ့ပေမယ့် နောက်ဆုံးမှာ ပုဂ္ဂိုလ်ရေးရာမေးခွန်းတစ်ခုအနေနဲ့ ကျွန်ုပ်သည် မည်သို့ပုဂ္ဂိုလ်၏
နှလုံးသားတစ်ခုရဲ့အခြေခံအုတ်မြစ်အနေနဲ့ဆောင်ရွက်နေပါသလဲ ၊ စိတ်၏ငြိမ်းချမ်းခြင်းအနေနဲ့ ရှိနေပါသလားလို့မေးလာခဲ့ပါတယ်။
မိမိကိုယ်တိုင်တောင် တွေးတောင်မတွေးခဲ့မိလို့ ခဏလောက်စဥ်းစားပြီးမှ ပြန်ဖြေခဲ့ပါတယ်။
၀ါသနာရယ်လို့မရှိပေမယ့်လည်း Koyama G ၏စီမံခန့်ခွဲမှုရဲ့အကြောင်းကလွဲလို့ နေ့ရောညပါဘာမှစဥ်းစားစရာမရှိပေမယ့် စိတ်၏
ငြိမ်းချမ်းခြင်းသည် ပုံမှန်၀န်ထမ်းများနဲ့စကားစမြည်ပြောခြင်းဖြစ်ပါတယ်။
မှန်ပါတယ်လို့အပြင် ဖြေကြားစရာမရှိခဲ့ပါဘူး။
ပုံမှန်ထက်ပိုပြီးတော့ Koyama G ၏၀န်ထမ်းများစွာဖြင့်၀န်းရံထားပြီးတော့ တစ်ရက်တာကိုဘေးကင်းစွာဖြတ်သန်းနေပါတယ်။
ကျွန်ုပ်၏တစ်ခုတည်းသော မိသားစု ၊ ဆွေမျိုး ၊ သူငယ်ချင်း ၊ လူ့အဖွဲ့အစည်းအနေနဲ့လည်းဖြစ်ပါတယ်။
ကျေးဇူးတရားကလွဲလို့မရှိပါဘူး။
ဒီနေ့လည်း မိခင်နှင့်ကလေးစောင့်ရှောက်ရေးရဲ့မိသားစု၊၀န်ထမ်းတွေနဲ့ စတော်ဘယ်ရီခြံကိုသွားခူးပါမယ်။
မှန်ပါတယ်၊လတ်လတ်ဆတ်ဆတ်ခူးဆွတ်ထားသော စတော်ဘယ်ရီသီးများကိုကလေးများနှင့်အတူ ပျော်ဖို့ကောင်းရန်အတွက်ဖြစ်ပါတယ်။
အလုပ်များတဲ့ တစ်ပတ်တာဖြစ်ခဲ့ပါတယ်။
သို့ပေမယ့် ပျော်ရွှင်စရာ စနေ၊တနင်္ဂနွေ ပိတ်ရက်ဖြစ်မယ်လို့ကြိုဆိုမျှော်လင့်ပါတယ်။
ကျေးဇူးတင်ပါတယ်။
သွေးခုန်နှုန်းအောက်ဆီမီတာ ၉၈ . ၉၉ . ၉၈
ခန္ဓာကိုယ်အပူချိန် ၃၆.၅ ၊ သွေးသကြားဓာတ် ၂၀၂
ဒီညလည်း တစ်နေရာရာမှာ ၊ ကိုယ်စားလှယ် Koyama Yasunari

KOYAMA GINZA myanmar

Posted by admin