နေ့စဥ်မှတ်တမ်း ၃ လပိုင်း ၂၅ ရက် ဟော့ပေါ့ဟင်းအိုး ပါတီ

တစ်ယောက်တည်းစားတဲ့အခါ အကြောင်းတစ်ခုခုကြောင့်၀မ်းနည်းလာပြီး လူအများနဲ့စားလျှင်ပျော်စရာကောင်းတာက ဘာပါလဲ။
အဲဒါက ဟော့ပေါ့အိုးလို့ထင်ပါတယ်။
ကျောင်းသားအရွယ်လောက်က သူငယ်ချင်းရဲ့ဘော်ဒါဆောင်မှာ မိုးလင်းအထိသောက်ပြီး ချက်ပြုတ်ခဲ့တာက ဂေါ်ဖီနဲ့ပြောင်းဖူးအမဲသား
နဲ့တူနာငါးအိုးကို အရက်နဲ့တွဲစားခဲ့ပါတယ်။
ပျော်စရာကောင်းပြီး အဲဒီဟင်းရည်သည် အရက်နာကျခြင်းအတွက်ကောင်းခဲ့ပါတယ်။
အသက် ၃၀ ၀န်းကျင်လောက်က ဆောင်းရာသီရဲ့တစ်လ Niigata ၏နှင်းထူထပ်သောမြို့မှာနေထိုင်ခဲ့ဖူးပါတယ်။
နှင်းလျှောစီးအပန်းဖြေစခန်းမှာ ကျန်းမာရေးစင်တာကိုဆောက်လုပ်ရန် နှင်းထူထပ်တဲ့မြို့မှာ တိုက်ခန်းတစ်ခန်းနဲ့နေထိုင်ခဲ့ဖူးပါတယ်။
ပြတင်းပေါက်ကိုဖွင့်လိုက်လျှင် လက်လှမ်းမှီ‌လောက်တဲ့အထိ နှင့်တွေစုပြုံနေပါတယ်။
ပြတင်းပေါက်ကနေ လက်ကိုထုတ်လိုက်တဲ့အခါ နှင့်တွေကိုဖမ်းဆုတ်လို့ရပါတယ်။
မအေးပါဘူး။ Neyuki လို့ပြောတဲ့ နှင်းတိုင်းပြည်ရဲ့ဘာသာစကားကို သင်ယူခဲ့ပါတယ်။
တစ်ယောက်သုံးဟင်းအိုးအသေးလေးနဲ့ နှင်းကိုယူပြီး ဂက်စ်မီးဖိုပေါ်တွင်နှင်းကို အရည်ပျော်စေပါတယ်။
အဲဒီဟင်းအိုးထဲတွင် အနီးအနားရှိစိုက်ပျိုး‌ရေးသမ၀ါယမစူပါမားကတ်မှ၀ယ်လာတဲ့ မီဆို၊မိုချိနဲ့ဟင်းနုနွယ်တွေကို ထည့်လိုက်ပါတယ်။
အဲဒါနှင့်ဂျပန်အရက်နဲ့သာလျှင် တစ်လနီးပါးဖြတ်သန်းခဲ့ပါတယ်။
အနွေးစောင်ထဲမှာ ခြေထောက်ထည့်ထားတဲ့အတိုင်း အိပ်ခဲ့ပါတယ်။
စနေ၊တနင်္ဂနွေပိတ်ရက်တွေမှာ တိုကျိုကိုမပြန်ပဲနဲ့ တစ်ယောက်သုံးဂက်စ်အနွေးပေးစက်ရဲ့အပေါ်မှာ ဟင်းအိုးကိုသာလျှင်ကြည့်နေခဲ့ပါတယ်။
၀မ်းနည်းမှု၊အထီးကျန်မှုတွေနဲ့ Ginza ရဲ့နီယွန်မီးတွေကို လွမ်းမောခဲ့ပါတယ်။
ဇာတ်လမ်းရှည်ပေမယ့်လည်း နောက်ဆုံးမှာတော့ ဆေးစစ်မှုစင်တာကိုမဆောက်ဖြစ်ပဲ အဲဒီမြို့မှာပင် ပထမဦးဆုံး သက်ကြီးရွယ်အိုကျန်းမာရေး
ဌာနအဆောက်အဦးကို ဖွင့်လှစ်တဲ့အကြောင်းဖြစ်လာခဲ့ပါတယ်။
အဲဒါက Ginza ဆေးရုံမှ ကျေးလက်ဒေသများရဲ့ဘိုးဘွားစောင့်ရှောက်ရေးဂေဟာကို တည်ထောင်သွားခြင်းသည် Koyama G သမိုင်း၏အစ
ဖြစ်ပါလာပါတယ်။
မနေ့က Ginza ရုံးမှာ လကုန်ရဲ့အခြေခံစီမံခန့်ခွဲမှုအစည်းအ‌ဝေး ပြုလုပ်ခဲ့ပါတယ်။
အွန်လိုင်းမှာ တစ်နိုင်ငံလုံးနဲ့ချိတ်ဆက်ပြီး ကော်ပိုရေးရှင်းအသီးသီးရဲ့ဘဏ္ဍာရေးရလဒ်များ၏ ခန့်မှန်းချက်များကိုနားထောင်ခဲ့ပါတယ်။
ကိုလိုနာကြောင့် ၀င်ငွေကျဆင်းမှုသည် ရှောင်လွှဲလို့မရပါဘူး။
သို့သော် လိုငွေပြမှုမဖြစ်ပေါ်သည့်အတိုင်းအတာအတွင်းမှာရှိနေပါတယ်။
တိုက်ပွဲ၀င်နေတယ်လို့ စိတ်လှုပ်ရှားခံစားမှုကလွဲလို့ ဘာမှမရှိပါဘူး။
၀န်ထမ်းတွေကို ကျေးဇူးတင်ရုံကလွဲလို့ ဘာမှမရှိပါဘူး။
မည်သို့ပင်ဆိုစေကာမူ အဆောက်အဦးအသစ်တွေကို ဆက်လက်ဖွင့်လှစ်သွားပါမည်။
Ginza မှ၀န်ထမ်းများသည်လည်း ဘဏ္ဍာရေးနှစ်ကုန်အပိတ်တွင် ပိုပြီးအလုပ်များကြပါတယ်။
သောကြာနေ့သည် ပီဇာနေ့လည်စာပါတီနေ့ဖြစ်ပါတယ်။
ပီဇာနှင့်ချောကလက်ကိတ် မျိုးစုံစားပွဲပေါ်တွင် ဖြန့်ခင်းထားပါတယ်။
တကူးတက Ginza 1-chom အထိ ပီဇာ၀ယ်ဖို့သွားခဲ့တယ်လို့ ပြောပါတယ်။
လာရောက်ပို့ပေးခြင်းမဟုတ်ပဲ သွားရောက်ယူလျှင် တစ်၀က်စျေးဖြစ်ပုံရပါတယ်။
အံ့ဩသွားခဲ့ပါတယ်။ဒီနေရာမှာလည်း ၀န်ထမ်းမလုံလောက်တာလား။
ဘာပဲဖြစ်ဖြစ် ရုံးခန်းမှာ အချုပ်ခံထားရတဲ့၀န်ထမ်းတွေ ပျော်နေပုံရပါတယ်။
ကျွန်ုပ်လည်း ပီဇာတစ်ခုချင်းစီကို မြည်းစမ်းပြီး နေ့၀က်လောက်မှာဗိုက်ဆာခဲ့ပါတယ်။
အားလုံး အဲဒီလိုလားပဲလို့တွေးမိပါတယ်။
ယခုတလော အစည်းအဝေးများတွင် Shokado ထမင်းဘူးသည် အလွန်အရသာရှိပေမယ့်လည်း ပီဇာပါတီသည် အားလုံးနဲ့ပျော်စရာ
ကောင်းပါတယ်။
တစ်ယောက်ထဲစားတဲ့ပီဇာသည် အထီးကျန်တဲ့အရသာပါ။
သတိထားမိပါတယ်။
ဒီပီဇာအ၀ိုင်းသည် Ginza မှလူငယ်များအတွက် ဟင်းအိုးပါ။
ချိစ်အရည်ပျော်ဟင်းအိုးလား။
ပီဇာကို ၃ လပိုင်းပွဲအစီအစဥ်ဖြစ်ခဲ့ပေမယ့်လည်း လူကြိုက်များမှုကြောင့် ၄ လပိုင်းလည်းဆက်လက်ကျင်းပမယ်လို့ ထင်ပါတယ်။
နောက်တစ်ကြိမ်အတွက် ဘဏ္ဍာရေးတွက်ချက်မှုကို ပြန်သုံးသပ်ဖို့လိုပါတယ်။
သွေးခုန်နှုန်းအောက်ဆီမီတာ ၉၆ . ၉၇ . ၉၇
ခန္ဓာကိုယ်အပူချိန် ၃၆.၆ ၊ သွေးသကြားဓာတ် ၂၃၂
အနက်ရောင်ဟင်းအိုး၏ဧကရာဇ်မင်း ၊ ကိုယ်စားလှယ် Koyama Yasunari

KOYAMA GINZA myanmar

Posted by admin