နေ့စဥ်မှတ်တမ်း ၃ လပိုင်း ၂၄ ရက် ဒစ်ဂျစ်တယ် အုတ်ဂူကျောက်တိုင်

ကျွန်ုပ်သည် ဟောပြောပွဲ၏ပို့ချသူနှင့်စာအုပ်ရေးတဲ့စာရေးဆရာကိုသိချင်တဲ့အချိန်မှာ အရင်ဆုံးအင်တာနက်ပေါ်က ပုံတွေ
အားလုံးကိုကြည့်ပါတယ်။
အင်တာနက်မှာရှာခြင်းဖြင့် စွမ်းဆောင်ရည်မြင့်မားပြီး ထူးချွန်ထက်မြက်တဲ့ပညာရှင်များနှင့် စီးမံခန့်ခွဲသူမန်နေဂျာများသည်
အင်တာနက်ရဲ့ပုံရိပ်ကိုကြည့်ခြင်းအားဖြင့် နားလည်ရလွယ်ကူပါတယ်။
အဲဒီပုဂ္ဂိုလ်ရဲ့ လှုပ်ရှားမှု၊လုပ်ဆောင်ချက်၊သူတို့၏ကမ္ဘာဖြစ်ပါတယ်။
အထူးသဖြင့် ဘယ်လိုပုဂ္ဂိုလ်တွေနဲ့ ပုံတွေရှိခဲ့တာလဲ။
ငယ်ရွယ်စဥ်အချိန်မှစ၍ မကြာသေးခင်အထိ အဲဒီလူရဲ့အတ္ထုပ္ပတ္တိနဲ့ ကိုယ်ရေးရာဇ၀င်တို့ ဖြစ်လာပါတယ်။
ပုံနှိပ်အချက်အလက်ထက် ဓာတ်ပုံ ၁ ပုံ နှင့်ပုံတစ်ပုံရဲ့သတင်းအချက်အလက်သည် အဲဒီလူရဲ့ဘ၀နှင့်စရိုက်လက္ခဏာကိုနားလည်ရန်
မှာ သင့်လျော်တယ်လို့ထင်ပါတယ်။
အင်တာနက်ပေါ်မှာရှိနေတဲ့အကြောင်းအရာသည် ကိုယ်တိုင်လူမှုရေးလုပ်ဆောင်ချက်များတွင် အစွမ်းကုန်တက်ကြွနေတယ်လို့
ထင်ပါတယ်။
အ၀တ်အစား၊မျက်နှာအသွင်အပြင်နှင့်နောက်ခံရှု့ခင်းများကိုလည်း ဖတ်နိုင်ပါတယ်။
အဲဒီအချိန်တွင် ကျွန်ုပ်သည်လည်း Sherlock Holmes ဖြစ်လာပါတယ်။
အင်တာနက်သတင်းအချက်အလက်များသည် ကမ္ဘာလောကကြီးတွင်လွပ်လပ်စွာကြည့်ရှု့နိုင်ပြီး ဘေးဥပါဒ်ဖြင့်ပျောက်ဆုံးသွား
မှာမဟုတ်ပါဘူး။
သတင်းအချက်အလက်များသည် ကမ္ဘာလောကကြီးရဲ့ဘယ်နေရာ ဘယ်အချိန်ပဲဖြစ်ဖြစ်လည်း တစ်စိတ်တစ်ပိုင်းသိမ်းဆည်းထား
နိုင်ပါတယ်။
ကျွန်ုပ်သည် မိမိ၏အချက်အလက်များ၊မှတ်တမ်းများ၊အမှတ်တရများ၊လှုပ်ရှားမှုများ၊လူမှုဘ၀များသည်လည်း Koyama G ၏
ပင်မစာမျက်နှာ၀က်ဘ်ဆိုဒ်တွင် ဓာတ်ပုံများအဖြစ်ချန်ထားခဲ့ပါတယ်။
ဤနေ့စဥ်မှတ်တမ်းများကိုလည်း။
ကျွန်ုပ်၏အုတ်ဂူကျောက်တိုင်သည် ရုပ်ပိုင်းဆိုင်ရာအရဖန်တီးရန်မလိုအပ်ပါဘူး။
ကျွန်ုပ်ကိုသတိရတဲ့သူတိုင်းသည် ပင်မစာမျက်နှာ၀က်ဘ်ဆိုဒ်ကို ကြည့်ပေးမယ်ဆိုရင်ကောင်းပါမယ်။
အဲဒီလောက်ဆို လုံလောက်မယ်လို့ထင်ပါတယ်။
YouTube မှာလည်း အင်တာဗျူးနှင့်အဆောက်အဦးပြီးစီးခြင်းအခမ်းအနား နှုတ်ခွန်းဆက်စကားများကို ကြည့်ရှု့နိုင်ပါတယ်။
ကိုယ်ရေးကိုယ်တာရဲ့အတ္ထုပ္ပတ္တိ ရုပ်ရှင်လည်းပဲ ရှိပါတယ်။
ဘယ်‌လောက်အဆင်ပြေပြီး ကြောက်စရာကောင်းတဲ့ခေတ်ကာလလဲ။
ဤနေ့စဥ်မှတ်တမ်းသည် ကျွန်ုပ်ရဲ့ကိုယ်ရေးရာဇ၀င်အနေနဲ့လည်းရှိပြီး မှတ်တမ်းဗီဒီယိုများကိုလည်း စုစည်းထားပါတယ်။
တည်းဖြတ်ခြင်းလည်းမလုပ်ပဲ ရွေးချယ်ခြင်းမရှိ အားလုံးကိုအင်တာနက် ပင်မစာမျက်နှာ၀က်ဘ်ဆိုဒ်မှာ ချန်ထားပါတယ်။
ပင်မစာမျက်နှာ၀က်ဘ်ဆိုဒ်သည် ဘ၀ရဲ့ မှတ်တမ်းတစ်ခုအနေဖြင့် မော်နီတာအုတ်ဂူ သို့မဟုတ် ဒစ်ဂျစ်တယ်အုတ်ဂူကျောက်တိုင်ဟု
ပြောလို့ရပါတယ်။
နောက်ဆုံးမှာတော့ ဘယ်သူမှကြည့်မှာမဟုတ်ပေမယ့်လည်း အဲဒီအချိန်မှာ ကျွန်ုပ်သည် အင်တာနက်အတွင်းပိုင်းရဲ့တစ္ဆေဖြစ်လာပြီး
မိမိကိုယ်ပိုင်အမှတ်တရတွေကို ရှာဖွေနေမည်လား။
အိုး ကြောက်စရာကောင်းပါတယ်။
ဒါပေမယ့် ကျွန်ုပ်သည် သရဲတစ္ဆေဖြစ်လာနိုင်ပါလား။
ဘုရားသခင်ကို မေးချင်ပါတယ်။
သွေးခုန်နှုန်းအောက်ဆီမီတာ ၉၇ . ၉၇ . ၉၈
ခန္ဓာကိုယ်အပူချိန် ၃၆.၅ ၊ သွေးသကြားဓာတ် ၁၅၅
Koyama ၏စိတ်၀ိညာဥ် ၊ ကိုယ်စားလှယ် Koyama Yasunari

KOYAMA GINZA myanmar

Posted by admin