နေ့စဥ်မှတ်တမ်း ၃ လပိုင်း ၂၆ ရက် Ginza စိုက်ပျိုးရေးသမ၀ါယမ

Ginza ဌာနချုပ်အဆောက်အဦးရဲ့အိမ်ခေါင်မိုးပေါ်မှာ သေးငယ်သော်လည်း ပန်းစိုက်ခင်းဥယျာဥ်စိုက်ပျိုးခြင်းကို နှစ်သက်ပါတယ်။
ဂျပန်ပျားရည်အတွက် ပျားမွေးမြူပြီးတော့ ပျားရည်စုဆောင်းခဲ့ဖူးပါတယ်။
ပျားများသည် ဧကရာဇ်နန်းတော်နှင့်ဟာမရိကျူပန်းခြံ ကိုပျံသန်းပြီးတော့ ၀တ်ရည်ကိုစုဆောင်းကြပါတယ်။
သို့ပေမယ့် အချိန်အများကြီးပေးရတဲ့အတွက်ကြောင့် ယခုအခါ စိုက်ခင်းမှာကစွန်းဥကိုစိုက်ပြီး ရှောချူးကိုပြုလုပ်နေပါတယ်။
Kyushu မှာနှစ်ရှည်လများတည်ထောင်ထားတဲ့ဆိုင်ကို မေးထားပါတယ်။
Ginza ပျားရည်ရဲ့အဖွဲ့၀င်တစ်ယောက်အနေနဲ့ အလုပ်ဖြစ်ပါတယ်။
အပူချိန် ၂၅ ဒီဂရီဖြစ်တဲ့အတွက်ကြောင့် သောက်ရလွယ်ကူပါတယ်။
ဧည့်သည့်တွေကို အမှတ်တရလက်ဆောင်အဖြစ်ပေးတဲ့အခါလည်းရှိပါတယ်။
လန်းဆန်းပြီးတော့ သောက်ရလွယ်ကူပြီး လူကြိုက်များပါတယ်။
ရှန်ပိန်ပုလင်းထဲမှာထည့်ထားပါတယ်။
ပုလင်းသည် ကောင်းမွန်သောဒီဇိုင်းဆုကိုလည်း ရရှိခဲ့ပါတယ်။
ထုပ်ပိုးစက္ကူသည် Ginza ၏မြေပုံဖြစ်ပါတယ်။
ကျွန်ုပ်ပြုလုပ်တာက ဆေးဘက်ဆိုင်ရာအသံးပြုရန်ဖြစ်ပါတယ်။
ကိုလိုနာကိုဆန့်ကျင်ရန်အတွက် ခံတွင်းသန့်ဆေးအဖြစ်ပေးအပ်ပါတယ်။
ဒီတစ်ကြိမ်မှာတော့ အပူချိန် ၃၅ ဒီဂရီလုပ်ကြည့်ဖို့စိတ်ကူးထားပါတယ်။
၄၅ ဒီဂရီဖြစ်လာပါက ပိုးသတ်ရန်အတွက်လည်း အသုံးပြုနိုင်ပါတယ်။
Ginza မှာအဆောက်အဦး ၇ လုံး၏ခေါင်မိုးပေါ်တွင်Ginza ပျားများမှ ပျားမွေးမြူခြင်း၊ကစွန်းဥနှင့်ဆန်များဖြင့်ပြုလုပ်ဆောင်ရွက်နေပါတယ်။
ကြားသိရသလောက်မှာ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၇ ဦးကိုစုစည်းခြင်းဖြင့် စိုက်ပျိုးရေးသမ၀ါယမကိုဖွဲ့စည်းနိုင်တယ်လို့ဆိုပါတယ်။
Ginza စိုက်ပျိုး‌ရေးသမ၀ါယမကို ချက်ချင်းတည်ထောင်မယ်လို့ အဆိုပြုထားပေမယ့်လည်း ကံမကောင်းစွာဖြင့်လျှောက်လွှာလက်ခံရရှိခြင်းမရှိသေးပါဘူး။
ဆိုလာစွမ်းအင်ထက် Ginza ၏ဒေသခံပတ်၀န်းကျင်ကအရေးပါမှုရှိတယ်လို့ ထင်ပါတယ်။
ထုံးစံအတိုင်း စိတ်ကူးအယူအဆတွေက အရမ်းဝေးသွားပုံရပါတယ်။
လူမှု့ဖူလုံရေးစိုက်ပျိုးရေးဘက်ပေါင်းစုံမှ အထောက်အကူပြုအဆောက်အဦးလို့ပြောလျှင်လည်းကောင်းမယ်လို့ထင်ပါတယ်။
သွေးခုန်နှုန်းအောက်ဆီမီတာ ၉၆ . ၉၇ . ၉၇
ကိုယ်အပူချိန် ၃၆.၇ ၊ သွေးသကြားဓာတ် ၁၇၈
နေသာသည့်နေ့အပြင်ထွက်စိုက်ပျိုးပြီး မိုးရွာသည့်နေ့အိမ်တွင်စာဖတ်ခြင်း ၊ကိုယ်စားလှယ် Koyama Yasunari

KOYAMA GINZA myanmar

Posted by admin