ကျပန်းအလှဆင်အနုပညာ
အနားယူနိုင်စေရန် အနီးနားကလူတွေရဲ့ဂရုစိုက်ပေးခြင်းကိုလက်ခံရယူခဲ့ပါတယ်။
အတွင်းရေးမှူးသည် အချိန်ဇယားကိုချိန်ညှိပေးခဲ့ပေမဲ့လည်း မသိလိုက်ခင်မှာလက်တွေပြည့်နေခဲ့ပါတယ်။
ကျွန်ုပ်အပြစ်ပါ။
သတင်းအချက်အလက်ရှာဖွေခြင်း၊အထီးကျန်ခြင်းနှင့် လူများနှင့်တွေ့ဆုံလိုခြင်းတို့ဖြစ်ပါတယ်။
ဘယ်နေရာပဲဖြစ်ဖြစ်သွားချင်ပါတယ်။
ဒါပေမယ့် တစ်နေရာရာမှာအပူချိန်လွန်ကဲခြင်းတို့ဖြစ်ပါမယ်။
စီစဥ်မှုမရှိပဲ ဘ၀ရဲ့အမှတ်တရများစင်ပေါ်ပြည့်လျှံနေပြီး ထိန်းချုပ်မှုကင်းမဲ့လာပါတယ်။
ယခုခေတ်ကာလရဲ့အနုပညာလက်ရာတစ်ခုလိုပါပဲ။
ကျွန်ုပ်၏မှတ်ဉာဏ်စာအုပ်ထဲမှာ ကြုံသလိုဖြစ်လာတဲ့လက်ရာပုံစံပါ။
မနက်အာရုံတက်နိုးထချိန်ရဲ့ တဒင်္ဂမြင်နိုင်တဲ့ပုံရိပ်သည်ကျပန်းဖြစ်ပါတယ်။
ဘ၀ရဲ့ဒိုင်ယာရီစာအုပ်တည်းဖြတ်ခြင်းသည် ပြတ်တောက်သွားပါတယ်။
အဲဒီအဆုံးမရှိတဲ့လှုပ်ရှားမှုနှင့် မပြောင်းလဲသောနေ့စဥ်ဘ၀သည် ဆက်လက်တည်ရှိနေပါတယ်။
ထိုအရာနဲ့ပြည့်စုံပြီး စိတ်ချမ်းသာပျော်ရွှင်ဖို့ကအရေးကြီးပါတယ်။
မြင့်မားဝေးကွာလွန်းတဲ့အတွေးအမြင်များသည် ဤဒိုင်ယာရီမှာအပ်နှင်းထားပါတယ်။
သို့သော်လည်း အလားတူ ကျွန်ုပ်လက်ပေါ်ကအရေးအကြောင်းတွေကိုကြည့်ပြီးတော့ ငယ်ရွယ်တဲ့အချိန်ကကျွန်ုပ်လက်ရဲ့အရေး
အကြောင်းတွေနဲ့တူနေတာကြောင့် အံ့သြသွားခဲ့ပါတယ်။
လက်ပေါ်ကအရေးအကြောင်းတွေသည် တစ်သက်တာမပြောင်းလဲပါဘူး။
အဲဒီအကြောင်းတွေသည် အသက်အရွယ်ရလာချိန်မှာ သတိထားမိလာပါတယ်။
ပန်ဒါရဲ့လက်ညှိုးသည်လည်း နှစ် ၅၀ ကြာမပြောင်းလဲပဲ ပလာစတာကိုဆက်လက်စည်းနှောင်ထားပါတယ်။
နှစ် ၅၀ ကြာသမိုင်းသည် တဒင်္ဂမှတ်ဉာဏ်နှင့်ညီမျှပါတယ်။
လူ့ဘ၀သည် ဘာကိုမှမလုပ်ပဲ ဘယ်အရာကိုမှချန်မထားပဲ ကျွန်ုပ်၏အသိစိတ်မှာ ထာ၀ရဖြတ်သန်းနေပါတယ်။
တစ်စုံတစ်ယောက်ရဲ့ ကဗျာထဲမှာပါပါတယ်။
လက်ပေါ်ကအရေးအကြောင်းတွေကို စိုက်ကြည့်နေပါတယ်။
ယခုက အဲဒီအချိန်လိုပါပဲ။
ခန္ဓာကိုယ်အပူချိန် ၃၆.၆ ၊သွေးသကြားဓာတ် ၁၃၉
ကုသစောင့်ရှောက်ခြင်း ဒိုင်ယာရီ ၊ ကိုယ်စားလှယ် Koyama Yasunari