စိုက်ပျိုးရေးနှင့်လူမှုဖူလုံရေး ပူးပေါင်းဆောင်ရွက်မှု

ဤစကားလုံးသည်လည်း ပေါ်လစီအဆိုပြုချက်များတွင် မကြာခဏကြားရပါတယ်။
ထိုအရာသည်လည်း အုပ်ချုပ်ရေး၊ နိုင်ငံရေး၊လူထုမီဒီယာ၊ပညာရှင်တွေနဲ့ ဝေဖန်ရေးသမား‌တွေကနေပြီးတော့ အမှန်အတကယ်
မသန်စွမ်းသူများနှင့် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူတွေဆီကနေ မကြားဖူးသေးပါဘူး။
ဤအရာသည်လည်း လူ့အဖွဲ့အစည်းကနေမြင်ရတဲ့ စိတ်ကူးယဥ်၀ါဒမဟုတ်ပါလား။
ကျွန်ုပ်သည် ပုဂ္ဂိုလ်ရေးအရ အပြည့်အ၀သဘောတူညီပြီးတော့ သက်ကြီးရွယ်အိုများအတွက် ဆေးရုံ၊ဘိုးဘွားရိပ်သာနှင့် မူကြို
ကျောင်းအနီးနားတွင် လယ်ယာစိုက်ပျိုးခြင်းကိုပြုလုပ်သင့်ပြီး အကြိမ်ပေါင်းများစွာ ဂေဟာ၀န်ထမ်းတွေနှင့်ဆေးနွေးမှုပြုလုပ်ခဲ့
ပေမယ့်လည်း စိတ်မကောင်းစွာပဲခိုင်မာတဲ့အရာမရှိခဲ့ပါဘူး။
Ginza ပျားများ၏အဖွဲ့၀င်တစ်ဦးအနေနဲ့ Ginza ရဲ့အိမ်ခေါင်မိုးပေါ်မှာ ပျားမွေးမြူရေးနှင့်အာလူးဖြင့်အရက်ပြုလုပ်ခြင်းကို ပြုလုပ်
ရန်ကြိုးစားနေပါတယ်။
Tottori မှဖရဲသီးများကိုနိုင်ငံတစ်၀ှမ်းရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဂေဟာနှင့်မူကြိုကျောင်းများကို ပေးဝေပါတယ်။
ဖူကူရှီးမားမှဆန်ကို တိုကျိုမြို့တော်ဧရိယာတွင် ၀ယ်ယူပြီးတော့စားသုံးပါတယ်။
ယခုလက်ရှိ တိုကျိုမြို့တော်ဧရိယာတွင် ဆောက်လုပ်ဆဲမူလတန်းကြိုကျောင်းရဲ့ခေါင်မိုးပေါ်မှာ စ‌တော်ဘယ်ရီခြံတည်ထောင်ရန်
စီစဥ်နေပါတယ်။
မူကြိုကျောင်းရှိမိခင်၊ကလေးများနှင့်၀န်ထမ်းများသည် စတော်ဘယ်ရီကိုစိုက်ပျိုးပြီး မိမိတို့ကိုယ်တိုင်ခူးယူတဲ့မြင်ကွင်းကို ပုံဖော်
ကြည့်နေပါတယ်။
တောင်သူလယ်သမားများသည် နောက်ဆုံးသက်ကြီးရွယ်အိုများဖြစ်သည့်တိုင် သူနာပြုစောင့်‌ရှောက်မှု၀န်ဆောင်မှုများကို အသုံးမ
ပြုဘဲ နေ့စဥ်လယ်ကွင်းထဲသို့ သွားကြပါတယ်။
မနက်တိုင်း မှိုစုဆောင်းရန်တောင်ပေါ်သို့တက်ကြပါတယ်။
ငယ်ရွယ်စဥ်မှအသက်အရွယ်ကြီးရင့်သည်အထိ ကိုယ်တိုင်လုပ်ဆောင်ကြပါတယ်။
သူငယ်ပြန်ခြင်း၏ရောဂါလက္ခဏာများလည်း အဖြစ်နည်းပါတယ်။
ဒါပေမယ့် အဲဒီအသက်အရွယ်အထိ လယ်ယာအတွေ့အကြုံမရှိသော မသန်းစွမ်းသူတစ်ဦးအနေနဲ့ အလွန်ခက်ခဲပါတယ်။
ပံ့ပိုးကူညီမှုနှင့်စေတနာ့၀န်ထမ်း များစွာလိုအပ်ခြင်းဖြစ်လာပါမယ်။
အဲဒီနေရာမှာ အကောင်အထည်ဖော် ဆက်လက်လုပ်ဆောင်ရန်ခက်ခဲပါလိမ့်မယ်။
စိုက်ပျိုးရေးနှင့်လူမှုဖူလုံရေး ပူးပေါင်းဆောင်ရွက်မှုတွင် ကျန်းမာတဲ့တောင်သူလယ်သမားများသည် ဂေဟာ၀န်ဆောင်မှုမလိုအပ်
သည့်အခါမှသာ အမှန်တကယ်ဆက်လက်လုပ်ဆောင်နိုင်မယ်လို့ ထင်ပါတယ်။
ထို့အပြင် အခွန်၊ထောက်ပံ့ကြေးနှင့်စေတနာ့၀န်ထမ်းတွေ အများကြီးလိုအပ်မယ်လို့ထင်ပါတယ်။
ကျွန်ုပ်ကိုယ်တိုင် စိုက်ပျိုးရေးနှင့်လူမှုဖူလုံရေးတို့ကြား ပူးပေါင်းဆောင်ရွက်ရန် အိမ်မက်မက်နေတဲ့မြို့နေလူထုဖြစ်တဲ့အတွက်ကြောင့်
အဲဒီခံစားချက်ကိုနားလည်ပါတယ်။
တောင်တန်းဒေသများနှင့်လယ်သမားများအတွက် တစ်သက်တာလမ်းစဥ်အဖြစ် ပြုစုစောင့်ရှောက်ရေးနှင့် အထောက်အကူပြုပစ္စည်း
များကို အလွယ်တကူအသုံးမပြုကြပါဘူး။
မသန်စွမ်းသူများသည်လည်း ကလေးဘ၀အချိန်ကတည်းက သဘာ၀နှင့်စိုက်ပျိုးရေးအကျွမ်းတ၀င် ကြီးပြင်းလာခဲ့ပါတယ်။
ထိုသို့သော လူမှု့ပတ်၀န်းကျင်သည် နှစ်လိုဖွယ်ကောင်းပါတယ်။
ကျွန်ုပ်တောင်မှ အသက်အရွယ်ရလာပြီးတော့ နေထိုင်မှုစည်းချက်များနှင့်လှုပ်ရှားမှုအပိုင်းအပြောင်းအလဲသည် တော်တော်
ခက်ခဲပါတယ်။
ဂီတ၊အားကစား ၊အီဂို ရှိုဂီနှင့်စာဖတ်ခြင်းသည်လည်း ငယ်ရွယ်စဥ်ကတည်းက အလေ့အထပြုလုပ်မထားပါက အသက်အရွယ်
ရလာမှ သင်ယူရန်မှာခက်ခဲပါလိမ့်မည်။
မနေ့က မွေးနေ့ဖြစ်တဲ့အတွက်ကြောင့် ပန်းစည်းအမြောက်အမြားရရှိခဲ့ပါတယ်။
ထိုမျှဂရုစိုက်လည်းပဲ မိမိတစ်ယာက်ထဲတောင်စိတ်ရှုပ်စေပါတယ်။
အသက် ၂၀ အရွယ်လောက်တုန်းက လက်ဖက်ရည်သောက်ပွဲကျောင်းကို သွားဖူးပါတယ်။
အသေအချာသင်ခဲ့မယ်ဆိုရင် ကောင်းခဲ့ပါမယ်။
ငယ်ရွယ်စဥ်အချိန်ကတည်းက ဥယျာဥ်ပျိုးထောင်ခြင်းကို ၀ါသနာပါခဲ့ရင်ကောင်းခဲ့မယ်လို့ နောင်တရမိပါတယ်။
တနင်္ဂနွေတီဗီမှာ ဥယျာဥ်စိုက်ပျိုးခြင်းအစီအစဥ်ကို သဘောကျပြီးကောင်းစွာကြည့်ခဲ့ပါတယ်။
ကိုယ်တိုင်လုပ်ကြည့်ပြီးတော့ အတွေ့အကြုံမရှိခဲ့ရင် ဘာကိုမှသင်ယူလို့မရပါဘူး။
ဒီတပတ်မှာတော့ မိခင်နှင့်ကလေးမိသားစုနဲ့အတူ စတော်ဘယ်ရီခြံကိုသွားခူးပါမယ်။
ကျွန်ုပ်ရဲ့စိုက်ပျိုးရေးအတွေ့အကြုံသည် ဤမျှလောက်သာဖြစ်ပါတယ်။
မည်သို့ပင်ဆိုစေ ပျော်ရွှင်ပြီးတော့စိတ်လှုပ်ရှားနေပါတယ်။
ကလေးတွေလည်း ဒီလိုဖြစ်စေချင်တယ်လို့ မျှော်လင့်ပါတယ်။
သွေးခုန်နှုန်းအောက်ဆီမီတာ ၉၉ . ၉၉ . ၉၈
ခန္ဓာကိုယ်အပူချိန် ၃၆.၁ ၊ သွေးသကြား ၁၇၄
Koyama ဥယျာဥ် ၊ ကိုယ်စားလှယ် Koyama Yasunari

KOYAMA GINZA myanmar

Posted by admin