Koyama ဓားနှစ်လက်နွေရာသီနေ့၊မိုးရာသီနေ့၊နှင်းကျသောနေ့များKoyama ဓားနှစ်လက်

နှစ် ၄၀ ကျော်တွင် အဆောက်အဦး ၂၀၀ ကိုဆောက်လုပ်ပြီးစီးသည့်တိုင် အဆောက်အဦးအသစ်များကို တည်ဆောက်ခြင်းသည် အမြဲ
လတ်ဆတ်နေပါတယ်။
ဆေးဘက်ဆိုင်ရာစောင့်ရှောက်မှု၊သူနာပြုစောင့်ရှောက်မှုပုံစံကို မူလတန်းကျောင်းများကဲ့သို့ ဥပဒေနှင့်ထောက်ပံ့ကြေးများ၏ ကျယ်ပြန့်မှု
နှင့်လိုအပ်ချက်များကို သတ်မှတ်ပေးထားပြီး ဘယ်ဟာပဲဖြစ်ဖြစ် အခြခံအချက်များသည်မပြောင်းလဲပါဘူး။
ထို့ကြောင့် အပြင်ပိုင်း၊အတွင်းပိုင်း၊ဒီဇိုင်းတွေကသပ်ရပ်ပေမယ့်လည်း ဘတ်ဂျတ်သတ်မှတ်ထားတဲ့အတွက်ကြောင့် ပြင်ဆင်ထားပါတယ်။
ကျေးလက်ဒေသတွင် အဆောက်အဦးများကို စပြီးဆောက်လုပ်စဥ်အခါက တစ်ထပ်အိမ်တွေကများခဲ့ပါတယ်။
Ginza ၏မြေယာမရှိသောနေရာမှလာခဲ့ပြီး တုံ့ပြန်မှုတစ်ခုဖြစ်ပါလိမ့်မယ်။
ဧည့်ခန်းရှိမျက်နှာကျက်၏အမြင့်နှင့်ခန်းမထဲမှ နေ့အလင်းရောင်များကို အထူးသတိပြုမိပါတယ်။
အနုပညာလက်ရာများသည် ၀ယ်လို့မရတဲ့အရာဖြစ်တဲ့အတွက်ကြောင့် နံရံရဲ့မျက်နှာကျက်အတွင်းပိုင်းနှင့်မျက်နှာကျက်ကို အကောင်းဆုံး
ဖန်တီးထားပါတယ်။
အရေးပေါ်လှေကားသည် ၀န်ထမ်းများပုံမှန်အသုံးပြုတဲ့အတွက်ကြောင့် အတွင်းပိုင်းကိုနွေးထွေးစေပြီး ရောင်စုံမှန်များတပ်ထားပါတယ်။
မီးဖိုချောင်နှင့် ဂိုဒေါင်အတွင်းပိုင်းကို တောက်ပြောင်အောင်ပြုလုပ်ထားပါတယ်။
အထူးသဖြင့် ကျွန်ုပ်သည်ဒီဇိုင်းအားဖြင့် ဂေဟာအလုပ်ခွင်နေရာသို့ မက်ဆေ့ချ်တစ်ခုကို ထည့်သွင်းခဲ့ပါတယ်။
ယခုတွင် အလုပ်ခွင်နေရာမှ၀န်ထမ်းများ၏ရည်ရွယ်ချက်ကို အတတ်နိုင်ဆုံးလေးစားနေပါတယ်။
အဲဒီလိုပြောပေမယ့်လည်း အားလုံးဗိသုကာဒီဇိုင်းကို အပျော်တမ်းလုပ်နေကြပါတယ်။
ဒီအတိုင်း ဆန္ဒတစ်ခုကိုတောင်းဆိုလျှင် သိမ်ဖျင်းတဲ့သူဖြစ်သွားပါလိမ့်မယ်။
ထို့ကြောင့် ဆေးဘက်ဆိုင်ရာလူမှုဖူလုံရေး အတွေ့အကြုံရှိတဲ့ ဗိသုကာပညာရှင်ကိုအားကိုးပါတယ်။
ဤကမ္ဘာပေါ်တွင် အတွေ့အကြုံကြွယ်၀သော ဗိသုကာပညာရှင်များသည် အနည်းငယ်သာရှိပါတယ်။
နောက်ဆုံးမှာ ကျွန်ုပ်နဲ့အတူလေ့လာရင်း၊ကြီးစားအားထုတ်ရင်း၊ကျရှုံးရင်း သင်ယူသွားပါမယ်။
အတူတကွ အောင်မြင်တိုးတက်လာတယ်လို့ တွေးထင်စေချင်ပါတယ်။
မနေ့ကလည်း ဆောက်လုပ်ဆဲ ဘိုးဘွားရိပ်သာရဲ့ အပြင်ပိုင်းအရောင်ကို ဆုံးဖြတ်လိုက်ပါတယ်။
နှစ်စဥ်နှစ်တိုင်းရဲ့ အခမ်းအနားဖြစ်ပေမယ့်လည်း အဲဒါကခက်ခဲပါတယ်။
အဘယ့်ကြောင့်ဆိုသော် အဆောက်အဦးရဲ့အပြင်ပိုင်းနံရံသည် ရာသီ၏နေရောင်ခြည်ပေါ်မူတည်၍ အသွင်အပြင်နှင့်အရောင်ကွဲပြားပါတယ်။
တကယ်ကို ကွဲပြားပါတယ်။
နံနက်ခင်းအလင်းရောင်နှင့် ညနေဆည်းဆာအလင်းရောင်ပါ။
နွေ၊ဆောင်းဦး၊ဆောင်း၊နွေဦးစသည့်အလင်းရောင်တို့နှင့် ထိုရာသီ၏စိမ်းလန်းသောအရိပ်အရောင်ပါ။
နယ်မြေဒေသ၏လေထုပေါ်မူတည်၍ အလင်းရောင်းသည် ကွဲပြား၍မြင်နိုင်ပါတယ်။
Tohoku ၊ ဆန်အင်းဒေသရဲ့လေထုနှင့်ကောင်းကင်အရောင်ပေါ်မူတည်ပြီး အဆောက်အဦး၏အရောင်များသည် ကွဲပြားပါတယ်။
မြို့ပြနှင့်ပင်လယ်ကမ်းစပ်သည်လည်းပဲ ကွန်ကရစ်နှင့်ကြွေပြားများ၏ရောင်ပြန်ဟပ်ခြင်းတို့သည် ကွဲပြားပါတယ်။
ဤခြားနားချက်တို့သည် လူသား၏မျက်နှာအရောင်နှင့် တူညီကောင်းတူညီနိုင်ပါတယ်။
ကြည့်တဲ့လူရဲ့စိတ်နေစိတ်ထားပေါ်မူတည်ပြီး ကွဲပြားမြင်နိုင်ပါတယ်။
ထို့ကြောင့် ကျွန်ုပ်သည် ရိုးရိုးသားသားပြောရရင် ယုံကြည်မှုကင်းမဲ့ပြီး ဒီဇိုင်းပညာရှင်တွေနဲ့ ဒေသပြင်ဆင်ရေးရုံးရဲ့၀န်ထမ်းတွေကို
မေးကြည့်ပါတယ်။
မည်သို့ပင်ဆိုစေ ကျွန်ုပ်ရဲ့တာ၀န်အနေနဲ့ မဆုံးဖြတ်လို့မရပါဘူး။
ထိုအရာကို ပြီးဆုံးအောင်ကြိုးစားကြည့်မယ်ဆိုရင် မျှော်လင့်ထားတာနဲ့လုံး၀ကွဲပြားပါတယ်။
ဒီအရာသည် မြေအိုး၊အိုးလုပ်ခြင်းတို့နှင့် ဆင်တူကောင်းတူနိုင်ပါတယ်။
အိုးထဲမှထုတ်မကြည့်လျှင် ဘယ်လိုအရောင်ဖြစ်နေတယ်ဆိုတာ မသိပါဘူး။
ထို့ကြောင့် စိတ်၀င်စားစရာကောင်းတယ်လို့လည်း ပြောနိုင်ပါတယ်။
ဂေဟာအဆောက်အဦးရဲ့ဗိသုကာဒီဇိုင်းသည် လူးသားတွေရဲ့အရိုးဖွဲ့စည်းပုံကဲ့သို့ အခြခံဒီဇိုင်းကို ဆုံးဖြတ်ထားပါတယ်။
သို့သော်လည်း ပြီးစီးခဲ့သောအဆောက်အဦး‌ဂေဟာရဲ့ အသွင်အပြင်သည် အားလုံးတစ်ခုနဲ့တစ်ခုမတူပါဘူး။
လူသားတွေရဲ့မျက်နှာလိုမျိုးပါ။
လူတစ်ဦးနှင့်တစ်ဦး မျက်နှာအသွင်အပြင်သည် စိတ်ခံစားချက်တွေရှိပါတယ်။
ကြိုးစားရုန်ကန်ပြီး မွေးဖွားခဲ့သောမိဘအနေဖြင့် သားသမီးမျက်နှာအားလုံးသည် တစ်ကိုယ်ရေထူးခြားမှုပြည့်နေပါတယ်။
ထို့နောက် ယခုနှစ်မှာလည်း Koyama ၏သားသမီးတွေရဲ့အသံကို ကြားနိုင်ပါတယ်။
ပြင်ဆင်မှုအခန်းရှိ၀န်ထမ်းများ၏မျက်နှာများသည် မျှော်လင့်ခြင်းနှင့် ယုံကြည်မှုအပြုံးမျက်နှာတွေနဲ့ တောက်ပနေပါတယ်။
Koyama ၏သားသမီးများကို သန်မာအောင်ပြုစုပျိုးထောင်ပါ။
နှင်းတွေကျတဲ့နေ့ရဲ့ အုတ်မြစ်ချအခမ်းအနားပွဲ၊နွေရာသီရဲ့ ဆောက်လုပ်ရေးစစ်ဆေးခြင်းသည်လည်း ဘ၀ရဲ့အမှတ်တရတွေပါ။
ဆောက်လုပ်ပြီးစီးမည့်နေ့ကို စောင့်မျှော်နေပါတယ်။
သွေးခုန်နှုန်းအောက်ဆီမီတာ ၉၈ . ၉၉ . ၉၉
ကိုယ်အပူချိန် ၃၆.၂ ၊ သွေးသကြား ၁၇၇
ဆောက်လုပ်ရေး အကြီးအကဲ ၊ ကိုယ်စားလှယ် Koyama Yasunari

KOYAMA GINZA myanmar

Posted by admin