နေ့စဥ်မှတ်တမ်း ၃ လပိုင်း ၃၁ ရက် အလုပ်ခွင်မှထမင်းပေါင်းအိုး

၃ လပိုင်းလကုန်မှာ တိုကျိုမြို့၏ရှု့ခင်းများ။
တက္ကစီတွေအများအပြားရှိပြီး လမ်းတွေပြည့်ကျပ်နေပါတယ်။
Ginza အထွေထွေရုံးချုပ်မှာ ဘဏ္ဍာရေးရှင်းခြင်းဖြင့် ၀န်ထမ်းတွေအလုပ်ရှုပ်နေကြပြီး ဒီတစ်ပတ်ကနေ့တိုင်းထမင်းဘူးးပါ။
ပီဇာဖြစ်လိုက် အသားကင်ဖြစ်လိုက်နဲ့ တော်တော်ဇိမ်ကျပြီး အရသာရှိပါတယ်။
Ginza ရဲ့နေ့လည်ခင်းစာသည် ဘယ်ဆိုင်ပဲဖြစ်ဖြစ် ပြည့်ကျပ်နေပြီး စျေးကြီးပါတယ်။
ငယ်ရွယ်တဲ့၀န်ထမ်းကတော့ ချွေတာကြပြီး ထမင်းဘူးထည့်လာတဲ့သူတွေလဲ အများအပြားရှိပါတယ်။
အဆောက်အဦးမှာ ၀န်ထမ်းထမင်းစားခန်းလည်းရှိပါတယ်။
မနက်စာအခမဲ့ဆောင်ရွက်ပေးတဲ့ အဆောက်အဦးလည်းရှိပါတယ်။
လက်ရှိဆောက်လုပ်ဆဲဖြစ်တဲ့ ဖူကူရှီးမားမှာရှိတဲ့ကျေးရွာမှ ၀န်းထမ်းတွေအတွက် စုပေါင်းပြီးဆန်ကို၀ယ်ယူခဲ့ပါတယ်။
၀န်ထမ်းတစ်ဦးစီကို ဆန်တစ်အိတ်စီ‌ဝေငှပြီး Koyama ၏အဆောက်အဦးများဆောက်လုပ်သည့် မြေကြီး၏ကောင်းချီများကို မြည်းစမ်း
ခံစားစေလိုပါတယ်။
သို့ပေမယ့် ရုံးခန်းမှာ ထမင်းပေါင်းအိုးကို၀ယ်ပြီးတော့ လတ်လတ်ဆတ်ဆတ်ချက်ထားခါစ ထမင်းကိုစားခိုင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။
အသေချာပါပဲ အလုပ်ခွင်၏နေ့လည်စာနှင့် အစားစာများအခမဲ့ချက်ပြုတ်ပေးခဲ့ပါတယ်။
ရုံးခန့်တွင် မကြာသေးမီကအသုံးပြုခဲ့တဲ့ အေးခဲထားတဲ့အစားစာရဲ့နမူနာလည်း များစွာရှိပါတယ်။
အစားအသောက်ကို မြည်းစမ်းကြည့်ပြီး စစ်ဆေးခြင်းလားလို့တွေးမိပါတယ်။
အလုပ်ခွင်မှာ ပျော်ရွှင်မှု၊၀မ်းနည်းမှုတွေအတူတကွမျှဝေတဲ့အိုးပါ။
အလုပ်ခွင်မှလုပ်ဖော်ကိုင်ဖက်တွေနဲ့ စားရတာပျော်ပါတယ်။
ကျွန်ုပ်သည် အစည်းအဝေးတွေမှာ စကားပြောရင်းနဲ့ စားတာကများပါတယ်။
မည်သို့ပင်ဖြစ်စေ တက်ရောက်လာသူများအထဲတွင် အစားအမြန်ဆုံးဖြစ်ပါတယ်။
ခွဲစိတ်ဆရာ၀န်များသည် အလုပ်များတဲ့အတွက်ကြောင့် ၀င်သက်ထွက်သက်ဖြင့်စားကြတယ်လို့ စီနီယာများထံမှသင်ယူခဲ့ရပါတယ်။
အဲဒါက လက်တွေ့အလုပ်ဖြစ်ပုံရပါတယ်။
အစည်းအဝေးတိုင်းတွင် အစားစာတာကမြန်လွန်းသဖြင့် သတိပေးပါ။
စကားပြောရင်းနဲ့ မသိစိတ်ဖြင့်စားသုံးခြင်းသည် ပို၍မြန်စေပါတယ်။
ကျွန်ုပ်၏နေထိုင်မှုပုံစံမှာ အကြီးမားဆုံးသောချို့ယွင်းချက် ဖြစ်ပါတယ်။
မနေ့က Yamagata မှ သက်တမ်းရှည်၀န်ထမ်း ၅ ဦးတိုကျိုသို့ရောက်ရှိလာပြီး Ginza မှာဆေးစစ်မှုပြုလုပ်ခဲ့ပါတယ်။
Ginza ရုံးမှာ ထမင်းဘူးကိုသုံးဆောင်ပြီး တိုကျိုမြို့ရှိအဆောက်အအုံတွေကို ကြည့်ရှု့လေ့လာခဲ့ပါတယ်။
ထို့နောက် ညဘက်မှာ Skytree ရှိ ၃၂ ထပ်ရဲ့စားသောက်ဆိုင်မှာ ညဘက်မြင်ကွင်းကိုကြည့်ရှု့ရင်း အီတလီအစားအစာများကို
ကောင်းစွာစားသုံးခဲ့ပါတယ်။
အဝေးကနေတိုကျိုမျှော်စင်ကိုလည်း မြင်တွေ့နိုင်ပါတယ်။
ညနေနေ၀င်ဆည်းဆာအောက်တွင် အခုလေးတင်ကြည့်ရှု့လေ့လာခဲ့တဲ့ အဆောက်အဦးလည်းရှိပါတယ်။
တိုကျိုက ကြီးမားပါတယ်။
Skytree ၏စျေး၀ယ်လမ်းမှာ အမှတ်တရလက်ဆောင်အဖြစ် လုပ်ငန်းအမည်ကတ်ထည့်တဲ့အိတ်နဲ့ ဘောပင်အိတ်ကို ၀ယ်ခဲ့ပါတယ်။
Asakusa မှာစတင်တည်ထောင်ခဲ့တဲ့ ၉၅ နှစ်ကာလကြာရှည်တဲ့ သားရေလက်မှုပစ္စည်းဆိုင်ဖြစ်ပါတယ်။
ကျွန်ုပ်သည် Koyama G လို့ပြောတဲ့အလုပ်ခွင်မှာ လုပ်ဖော်ကိုင်ဖက်များနဲ့အတူဘ၀ကိုဖြတ်သန်ပြီး နေ့စဥ်အသက်ရှင်နေထိုင်နေ
တယ်လို့ခံစားမိပါတယ်။
ဤနည်းဖြင့် နှစ်တစ်နှစ်တာ၏နောက်ဆုံးနေ့ကို ဂုဏ်ပြုပါတယ်။
ဒီနေ့ နေ့လည်စာကတော့ အလုပ်ခွင်မှာလာပို့တဲ့ ဆူရှီပါ။
မြေးတွေလိုမျိုး ၀န်ထမ်းငယ်တွေရဲ့ရွှင်မြူးတဲ့အပြုံးမျက်နှာတွေကို မြင်တွေ့ရတာ ၀မ်းသာမိပါတယ်။
သွေးခုန်နှုန်းအောက်ဆီမီတာ ၉၈ . ၉၈ . ၉၈
ခန္ဓာကိုယ်အပူချိန် ၃၆.၂ ၊ သွေးသကြားဓာတ် ၁၆၁
ညစာစားပွဲမှ အကြီးအကဲ ၊ ကိုယ်စားလှယ် Koyama Yasunari

KOYAMA GINZA myanmar

Posted by admin